အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ချင်းပြည်ရှိ ဆေးရုံ၊ ဆေးခန်းများကို စစ်ကောင်စီ ပစ်မှတ်ထား ဗုံးကြဲနေ

ခုခံတော်လှန်မှုအားကောင်းသည့် ချင်းပြည်နယ်ရှိ ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထားကာ စစ်ကောင်စီလေတပ်က ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်။ ကန်ပက်လက်မြို့နယ်၊ လွန်ဒုံရွာ ဆေးပေးခန်းကို ဧပြီ ၂၈ မွန်းလွဲပိုင်းက တိုက်ခိုက်ပြီး မိနစ်ပိုင်းအကြာမှာပင် မြို့နယ်ချင်းကပ်လျက် မင်းတပ်မြို့နယ်မှ ဝမ္မသူးဆေးရုံကိုလည်း လေကြောင်းမှ ဗုံးကြဲခဲ့သည်။ မင်းတပ်မြို့၊ မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ ဝမ္မသူးတိုက်နယ်ဆေးရုံသည် သုံးရက်အတွင်း နှစ်ကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ဝမ္မသူးဆေးရုံသည် ဧပြီ ၂၅ ရက် ညပိုင်းကလည်း လေကြောင်းမှ တိုက်ခိုက်ခံရသဖြင့် လူနာ ၄ ဦးနှင့် လူနာစောင့် ၁ ဦး သေဆုံးခဲ့သည်။ “ဆေးရုံမှာက ဘယ်သူမှ မရှိတော့ဘူး။ ဘာမှလည်း ရစရာမရှိတော့ဘူး။ အဲ့ဒါကိုပဲ ထပ်ကြဲသွားတာ။ ဆေးရုံရဲ့ မုခ်ဦးရှေ့က အလံတိုင်စိုက်ထားတဲ့ အုတ်မြစ်လေးရှိတယ်။ အဲ့ဒီအုတ်မြစ်က အမြစ်ကနေ ကျွတ်ထွက်သွားပြီး တွင်းကြီး ဖြစ်သွားတယ်” ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button