
အောက်တိုဘာလ ၁၇ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA မှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့အတွင်း ဝင်ရောက်ပြီး အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးကို သေနတ်ပြ ခြိမ်းခြောက် ခေါ်ဆောင်သွားကာ တောထဲတွင် ၉ ရက်ကြာ ဖမ်းဆီးချုပ်နှောင် ညှဉ်းပန်းနှိပ်စက်ပြီး မြန်မာငွေကျပ် သိန်းသုံးရာဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟု ဖမ်းဆီးခံခဲ့ရသူ ကာယကံရှင်အမျိုးသမီးက ပြောပါသည်။ TNLA အဖွဲ့မှ မိုးကုတ်မြို့တွင် ကျောက်လုပ်ကွက်၊ ရတနာအရောင်းဆိုင်၊ ဆိုင်ကယ်အရောင်းဆိုင်၊ ဆီဆိုင်များအပြင် နွားနို့ဆိုင်များမှ ငွေကြေးကောက်ခံမှုများရှိနေကြောင်း သိရှိရပြီး ၎င်းဖြစ်စဉ်များနှင့် ပတ်သက်၍ TNLA တာဝန်ရှိသူက ၎င်းတို့တွင် ဒီလိုပြုလုပ်ရန် မူဝါဒမရှိကြောင်း အကယ်၍ မတရားခံရမှုမျိုးရှိလျှင် လူထုဆက်ဆံရေးစင်တာထံ တိုင်ကြားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။
သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now
[youtube https://youtu.be/Zs7DZ-toFtQ]



