အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကျောက်မဲမြို့ဟာ ဒေသခံများအတွက် လုံခြုံမှုရှိရဲလား

ကျောက်မဲမြို့တွင် ချောင်းမြောင်းပစ်ခတ်မှုများ မကြာခဏဖြစ်ပွားခဲ့ပြီး လွန်ခဲ့သည့် ၁၀ စုနှစ်ကတည်းက ပစ်ခတ်မှုများရှိခဲ့ကာ ၂၀၁၉/၂၀ အတွင်း သေနတ်ပစ်ခံရသဖြင့် သေဆုံးသူ ၁၄ ဦးအထိရှိခဲ့ကြောင်း ကျောက်မဲမြို့ ရဲမှတ်တမ်းအရ သိရပါသည်။ အသတ်ခံရပြီး သေဆုံးသူတွေထဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ သံဃာတော်အပါအဝင် နောက်ဆုံး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အထိ ပါဝင်လာခဲ့ပြီး မှတ်တမ်းမရှိဘဲ သေဆုံးသူများလည်း ရှိခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးရမှသာ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုရှိမည်ဟု ဒေသခံများက ယုံကြည်နေကြပြီး ဒေသငြိမ်းချမ်းရေးရရန် ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တောင်းဆိုနေကြပါသည်။

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now

[youtube https://youtu.be/LzE7bhSwjUQ]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles