အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးကုတ်မြို့တွင် စစ်ဘေးရှောင် တစ်ထောင်ကျော်ခန့် သောင်တင်နေ

တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ခဲ့သောကြောင့် မြို့ပေါ်တွင် စစ်ရှောင်ဦးရေ တစ်ထောင်ကျော်ခန့် ရောက်ရှိနေသည်ဟု မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမိုးက ပြောသည်။

နိုဝင်ဘာလအစပိုင်းကတည်းက TNLA ဘက်က လှုပ်ရှားမှုများ ရှိခဲ့ပြီး နိုဝင်ဘာ ၂၄ ရက် ညပိုင်းက မိုးကုတ်မြို့၏မြောက်ဘက် ၇ မိုင် ခန့်အကွာရှိ ချောင်းကြီးအလယ်ရွာအနီး ဓာတ်တော်တောင်တွင် တပ်မတော်နှင့် TNLA တို့ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့ကြောင့် တိုက်ပွဲဧရိယာအတွင်းရှိ ကျောက်ဝါ၊ မန်နား၊ ချောင်းကြီးအလယ်ရွာ၊ ရှမ်းကုန်းစံ၊ ကျောက်ပုံ စသည့် ရွာ ၅ ရွာခန့်မှ စစ်ရှောင်လာသော ဒေသခံ  ၁,၁၀၀ ကျော်သည် မိုးကုတ်မြို့ပေါ်ရှိ ရွေဂူကြီးဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာဓမ္မာရုံ၊ လီဆူခန်းမ၊ ခရစ်ယာန်ဘုရားကျောင်း စသည့် ယာယီကယ်ဆယ်ရေးစခန်း ၆ ခု နှင့် ဆွေမျိုးများအိမ်တွင် ခိုလှုံနေကြသည်ဟု ဦးလှမိုးဦးက ပြောသည်။

“စားရေးသောက်ရေးကတော့ ကျွန်တော်တို့ကူညီတာအပြင် ရပ်ကွက်ထဲက ပြည်သူလူထုနဲ့ ငွေကြေးတတ်နိုင်တဲ့သူတွေကို စည်းရုံးပြီးတော့ ရန်ပုံငွေရအောင် လုပ်ဆောင်ပေးနေပါတယ်၊ နောက်ရက်တွေအတွက်လည်း အဆင်ပြေအောင် စီစဉ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မိုးကုတ်မြို့ပေါ် ရောက်ရှိနေသည့် စစ်ရှောင်များ၏အခြေအနေများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ပြီး တိုင်းအစိုးရ၏အကူအညီများ ရရှိပါက အဆင်ပြေနိုင်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ကျောက်ပုံကျေးရွာမှ တိမ်းရှောင်လာသည့် မအငယ်လေးဆိုသူက တိုက်ပွဲဖြစ်ပွားသည့် ၂၄ ရက်နေ့ည ကတည်းကပင် ထွက်ပြေးတိမ်းရှောင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“အမေက မအိပ်ရဲဘူး။ တစ်မိသားစုလုံးလည်း တုန်လှုပ်နေတာ၊ တစ်ရွာလုံးလည်း ကြောက်နေတာ။ အဲဒီ သေနတ်သံတွေက ကြားတော့ အဲဒါနဲ့ ဒီ(မိုးကုတ်) ကို ရောက်လာတာ” ဟု မိုးကုတ်မြို့ပေါ်သို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသူ မအငယ်လေးက ပြောသည်။

ကျောက်ပုံရွာတွင် ၎င်းတို့နေထိုင်သည့် သက်တမ်းတစ်လျှောက် သေနတ်သံပင် မကြားခဲ့ဖူးဘဲ တိုက်ပွဲကြောင့် ရွာတွင် မနေရဲတော့သောကြောင့် ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဆိုပြီး လက်ရှိတွင် မိုးကုတ်မြို့ပေါ်ရှိ ပိတ်စွယ်လီဆူနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ( Pike Swe Lisu Baptist Church) ၌ ခိုလှုံနေသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ တွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါနယ်မြေအတွင်း TNLA တပ်ဖွဲ့ဝင်များ ဆက်လက်လှုပ်ရှားလျက်ရှိသော်လည်း နောက်ထပ်တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း TNLA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

“အပစ်ရပ်လည်းကြေညာထားတော့ ကျွန်တော်တို့လည်း တတ်နိုင်သမျှ တိုက်ပွဲမဖြစ်အောင် ‌ရှောင်တယ်။ အဲဒါကြောင့် အရင်က တစ်လ၊ တစ်လကို တိုက်ပွဲ လေး၊ ငါးဆယ် ရှိပေမဲ့ အခု သိပ်မရှိဘူး” ဟု ၎င်းက ပြောသည်။ 

နိုဝင်ဘာလအစောပိုင်းကတည်းက ကျောက်ဝါ၊ ချောင်းကြီး၊ လီရှောကျောက်ပုံ၊ ရှမ်းကျောက်ပုံနှင့် မန်နား စသည့် ရွာ ၈ ရွာကျော်မှ ဒေသခံ ၁,၀၀၀ ကျော်သည် ၎င်းတို့ကျေးရွာများအနီး TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုရှိလာသဖြင့် မိုးကုတ်မြို့ပေါ်သို့ စတင်တိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲပြီးဆုံး၍ ရက်အနည်းငယ်အကြာတွင် ‌ကျေးရွာအချို့မှ စစ်ရှောင်များ နေရပ်ပြန်ခဲ့ကြသော်လည်း မိုးကုတ်မြို့ပေါ်တွင်ပင် ဆက်လက်ခိုလှုံနေကြသူများလည်း ရှိကြောင်း သိရသည်။

ထို့ကြောင့် နိုဝင်ဘာလအစမှ ယနေ့အချိန်ထိ မိုးကုတ်မြို့ပေါ်သို့ ရောက်ရှိခိုလှုံနေသည်မှာ စစ်ဘေးရှောင် တစ်ထောင်ခန့်ဝန်းကျင်အထိ ရှိနေသည်။  

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button