အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လက်နက်ကိုင်အကြမ်းဖက်မှု ပပျောက်အောင်လုပ်ရမည်ဟု ရှမ်းပြည်နယ် ဝန်ကြီးချုပ်ပြော

ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး လက်နက်ကိုင်အကြမ်းဖက်ဝါဒကို ယုံကြည်တဲ့သူများ ရှိနေသမျှ ဦးထိုက်‌ဇော်လိုဖြစ်စဉ်မျိုး ရှိနေအုံးမည်ဖြစ်ပြီး လက်နက်ကိုင်အကြမ်းဖက်မှု ပပျောက်အောင် လုပ်ရမည်ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က သေနတ်ဖြင့် လုပ်ကြံသတ်ခံရပြီး သေဆုံးခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် နာရေးတွင် ပြောကြားလိုက်သည်။ နိုဝင်ဘာ ၁၅ ရက်နေ့က ကျောက်မဲမြို့နယ် ကော်မရှင်ဥက္ကဋ္ဌ နေအိမ်လည်းသေနတ်ဖြင့် ပစ်ခံခဲ့ရသလို ကျောက်မဲမြို့တွင် ရဟန်းသံဃာအပါအဝင် လက်နက်မဲ့ပြည်သူများ ကျေးရွာအုပ်ချုပ်ရေးမှူးများကို သေနတ်ဖြင့် ပစ်သတ်ခံရသေဆုံးမှုများ တစ်နှစ်လျှင် ဆယ်ဦးထက်မနည်းရှိနေပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ ဝန်မခံကြသလို တရားခံပေါ်ပေါက်ခြင်းလည်း မရှိခဲ့ပေ။

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ

[youtube https://youtu.be/nGsY5C5qHig]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles