အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

ပန်းဘဲတန်းမြို့နယ်တွင် NLD အမတ်လောင်း စည်သူမောင် မဲအပြတ်အသတ်ဖြင့် အနိုင်ရ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုကာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုစည်သူမောင်မှာ ယနေ့ (နိုဝင်ဘာ ၉) နံနက်ပိုင်း ဆန္ဒမဲရလဒ်များရေတွက်ပြီးချိန်တွင် ခိုင်လုံမဲ ၁၂,၈၈၂ ဖြင့် အနိုင်ရရှိခဲ့သည်။ 

ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယမဲအများဆုံး ရရှိခဲ့သူမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မအိသဉ္စာမောင်ဖြစ်ပြီး ထောက်ခံမဲ ၁၄၃၇ မဲသာ ရရှိခဲ့သည့်အတွက် ကိုစည်သူမောင်က မဲကွာဟချက် တစ်သောင်းကျော်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ကိုစည်သူမောင်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်ဖြစ်ခဲ့ဖူးပြီး မဲဆွယ်စည်းရုံးရေးကာလအတွင်း ကိုစည်သူမောင်အတွက် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမြအေးက ကူညီကာ ဟောပြောစည်းရုံးပေးခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက ရွေးချယ်ခဲ့သည့် အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ ပန်းဘဲတန်းမြို့နယ်မှ ဝင်ပြိုင်သည့် ကိုစည်သူမောင်နှင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဝါရင့်နိုင်ငံရေးသမား ဒေါ်ဝင်းမြမြတို့ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

NLD ပါတီဝင် ပန်းဘဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမည့် ကိုစည်သူမောင်သည် မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးအရတိုက်ခိုက်မှုများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသူ ဖြစ်သည်။

ကိုစည်သူမောင်သည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ပိတ်ခိုင်းပြီး အာရဗီဘာသာစကားကို ကျောင်းစာတွင် ပြဋ္ဌာန်းရန် တောင်းဆိုခဲ့သူဖြစ်ကြောင်း သတင်းမှားများကို ဖျက်သိမ်းခံခဲ့ရသည့် နှင်းဆီပါတီခေါ် UDP ပါတီ၏ ပန်းဘဲမြို့နယ် Facebook စာမျက်နှာများက ဖြန့်ဝေခဲ့သည်။ 

ထို့ပြင် မင်းကင်းမောင်မြင့်ဟု ထင်ရှားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လက်ရှိ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကလည်း ၎င်း၏ မဲဆန္ဒနယ်၌ မဲဆွယ်စည်းရုံးဟောပြောခဲ့ရာ၌ ကိုစည်သူမောင် အစ္စလာမ်ဘာသာဝင် ဖြစ်မှုအပေါ် ဝေဖန်တိုက်ခိုက်ခဲ့သည်။ 

ဆန္ဒမဲအပြတ်အသတ်ဖြင့် ကိုစည်သူမောင် အနိုင်ရရှိခဲ့သည့် ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ်တွင် NLD၊ ပြည်ခိုင်ဖြိုး၊ လူဘောင်သစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button