အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လားရှိုးတွင် တပ်မတော်သားများ ကြိုတင်မဲပေး

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့ မနက်က ရာနှင့်ချီသည့် တပ်မတော်သားများ နီးစပ်ရာ ရပ်/ကျေးမဲရုံများတွင် ကြိုတင်မဲပေးကြပြီး လျှို့ဝှက်မဲပေးစနစ်အား မထိခိုက်စေရန် ကော်မရှင်၏ ညွှန်ကြားချက်အတိုင်း အဆင်ပြေအောင် ဆောင်ရွက်ပေးသည်ဟု ရပ်/ကျေးကော်မရှင်က ဆိုသည်။ ယခုနှစ်ရွေးကောက်ပွဲတွင် တပ်မတော်သားများအနေဖြင့် ပထမဆုံးအကြိမ် တပ်အပြင်ထွက်ပြီး မဲပေးရခြင်းဖြစ်ကာ ကြိုတင်မဲပေးနေသည့် တပ်မတော်သားများအနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့တွင် တပ်တွင်း၊တပ်ပြင်တာဝန်များ ထမ်းဆောင်ရန်ရှိသည်ဟု သိရပါသည်။

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now

[youtube https://youtu.be/OrlSPDiOlYM]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles