အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တအာင်းတပ် TNLA သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့ မြင်ကွင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် အဓိကကျသော အာဏာသိမ်းစစ်တပ်၏ ဗျူဟာစခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇန်နဝါရီ ၈ တွင် အပြီးသတ် သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ တအာင်းတပ် TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် ကွတ်ခိုင် စုစုပေါင်း ၇ မြို့ကို သိမ်းပိုက်ထားနိုင်သည်။ TNLA က နောက်ဆုံးသိမ်းပိုက်ခဲ့သော ကွတ်ခိုင်မြို့နှင့် ကွတ်ခိုင်ဗျူဟာစခန်းအခြေအနေကို ယခုရုပ်သံတွင် ကြည့်ရှုနိုင်ပါသည်။ ရိုက်ကူး၊ တည်းဖြတ် – မြတ်ပန်း၊ ဟန်သစ်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button