
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက် ထိပ်သီးခေါင်းဆောင် ၆ ဦး နေထိုင်ရာ နေပြည်တော်ရှိ ခြောက်လုံးတန်းအိမ်ရာမှ ရွေးကောက်ပွဲဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄၅ ဦးရှိသည့်အနက် ဦးသိန်းစိန်၏နေအိမ်လိပ်စာဖြင့် လူ၂၀၀ နီးပါး ပါဝင်နေသည်။ ထိုသို့ ပါဝင်နေခြင်းမှာ ကျေးရွာသားမဲဆန္ဒရှင်များ၊ ကျေးရွာအုပ်စုအနီးပတ်ဝန်းကျင်ရှိ အစိုးရ ရုံးဌာနအချို့မှ ဝန်ထမ်းများကို သမ္မတဟောင်းဦးသိန်းစိန်၏ နေအိမ်လိပ်စာဖြင့် မဲစာရင်းတွင် မှားယွင်းဖော်ပြမိခြင်းကြောင့် ဖြစ်သည်ဟု ညောင်ပင်ကြီးစုကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှငွေက ပြောသည်။
သတင်းနှင့်ရိုက်ကူး-မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/Z7DWO6B9Uds]



