အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

နှင်းဆီပါတီဥက္ကဋ္ဌ ထောင်ပြေးမှုအပြင် အခြားပုဒ်မများစွာဖြင့် အရေးယူခံရဖွယ်ရှိ

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ဘဏ်ငွေစာရင်း ၅၉ ခုကို ကနဦးစစ်ဆေးခဲ့ရာတွင် တရုတ်နိုင်ငံမှတဆင့် ငွေကျေပ် ၁၆ ဘီလျံကျော်ကို တရားမဝင်လွှဲပြောင်း ရယူခဲ့ပြီး ချေးငွေလုပ်ငန်းများလည်း တရားမဝင်လုပ်ကိုင်ခဲ့ကြောင်း၊ ဦးကျော်မြင့်ပိုင်ဆိုင်သည့် အိမ်ခြံမြေပစ္စည်းများတွင် လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီဘဲ ရယူထားသည်များလည်း ပါဝင်ကြောင်း သိရသည်။ နှင်းဆီပါတီဥက္ကဋ္ဌကို လက်ရှိစွဲဆိုထားသည့် ထောင်ပြေးမှု ပုဒ်မ ၂၂၄ အပြင် ရာဇသတ်ကြီးပုဒ်မများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပုဒ်မများ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာ ပုဒ်မများဖြင့်လည်း ဆောင်ရွက်သွားရန်ရှိသည်ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/TOLx4G7qSWg]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles