အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်အသေရေဖျက်မှုဖြင့် ထောင်ကျနေသူများကို လွှတ်ပေးရန် ကချင် NLD အမတ်အချို့ သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံထံ တောင်းဆို

(ရန်ကုန်) – တပ်မတော်အား အသရေဖျက်မှုဖြင့် မြစ်ကြီးနား တရားရုံးက ဒီဇင်ဘာ ၇ တွင် ထောင်ချခဲ့သည့် ကချင်စစ်ရှောင်များအရေး တက်ကြွလှုပ်ရှားသူ သုံးဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အာဏာရ NLD ပါတီ၏ ကချင်ပြည်နယ် အမျိုးသား လွှတ်တော်အမတ်များက သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ယမန်နေ့က စာရေးသား တောင်းဆိုလိုက်သည်။

ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်၊ ဒေါ်နန်ပူတို့သည် တိုက်ပွဲများအတွင်း ပိတ်မိနေသည့် အရပ်သားများအား ကယ်ထုတ်ရန် ပြီးခဲ့သည့် မေလအတွင်းက တောင်းဆိုခဲ့သည့် လှုပ်ရှားမှုအတွင်း တပ်မတော်ကို အကြည်ညိုပျက်စေသည့် ဟောပြောချက်များ ထုတ်ဖော်ပြောဆိုသည်ဟုဆိုကာ ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၅သိန်း အပြစ်ပေး ခံခဲ့ရသည်။

၄င်းတို့သုံးဦးထဲမှ ဦးလွမ်းဇောင်းသည် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ ၁၉(က)ဖြင့် မြစ်ကြီးနား တရားရုံးက မေလအတွင်းက ငွေဒဏ် အပြစ်ပေးခဲ့သေးသည်။

ဖမ်းဆီးခံထားရသူ သုံးဦး၏ လုပ်ရပ်သည် တပ်မတော်အပေါ် အသရေဖျက်သည့် လုပ်ရပ်မဟုတ်ဘဲ၊ မြေပြင်တွင် ဖြစ်ပေါ်နေသည့် ဖြစ်ရပ်မှန်ကို သဘောရိုးဖြင့် ပြောဆိုခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ် ၉ ဦးက နိုင်ငံထိပ်ပိုင်း ခေါင်းဆောင်များထံ ပေးပို့သည့်စာတွင် ရေးသားထားပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်လည်း တောင်းဆိုခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ ပိတ်မိနေသူတွေက ပြည်သူတွေ။ အဲ့ဒါကိုတောင်းဆိုတာကလည်း ပြည်သူတွေ။ နောက်ဆုံး တပ်မတော် ဆိုကရော ပြည့်သူ့တပ်မတော်လို့ ပြောနေတာမဟုတ်လား။ အားလုံး ပူးပေါင်းပြီး ညှိနှိုင်းလုပ်ဆောင်သင့်တာ။ နိုင်ငံရေးကို နိုင်ငံရေး လမ်းကြောင်းကနေ လုပ်နေရမှာလေ။ ပြည်သူလူထုကို တောထဲ တွန်းပို့နေသလိုဖြစ်ရင် ဘယ်ဟုတ်မလဲ။ လက်နက်မဲ့ တော်လှန်ရေးဆိုတာကို ပြည်သူတွေ စိတ်ဝင်စားလာအောင် လုပ်ရမှာ” ဟု ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ အမတ် ဦးခင်မောင်မြင့်က ပြောသည်။

ထို့အပြင် တရားရုံး၏ ဆုံးဖြတ်ချက်တွင် တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးထွက်ဆိုခဲ့သည်က တစ်ဆင့်စကားများဖြင့်သာ ထွက်ဆိုခဲ့သည်ကလည်း ဥပဒေသဘောအရ ညီညွတ်မှုမရှိဟု သူက ဆက်ဆိုသည်။

ထို့အတွက် နိုင်ငံတော်သမ္မတအနေဖြင့် အဆိုပါ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည့် ၃ ဦးလုံးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု မျှော်လင့်ထားကြောင်း သူက ပြောသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ဦးခင်မောင်မြင့် အပါအဝင် NLD ပါတီ၏ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ်များဖြစ်သည့် ဦးဝင်းဇော်၊ ဒေါက်တာခွန်ဝင်းသောင်း၊ ဦးနောင်နုဂျာတန်၊ ဦးဇယ်ခေါင်၊ ဦးမင်းနိုင်ဆွေ၊ ဦးသိန်းလွင်၊ ဦးနိုင်ကိုကို နှင့် ဒေါက်တာခင်မကြီး တို့က လက်မှတ်ရေးထိုး တောင်းဆိုကြသည်။

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမတ်နေရာ ၁၂ နေရာတွင် NLD က ၉ နေရာ ရထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button