အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖြူးမြို့နယ်မှ ၁၄ နှစ်သမီး လက်နက်ကြီးကျည်ကြောင့် သေဆုံး

အောက်တိုဘာ ၁၀ ရက်နေ့က ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရွာနှစ်ရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် ၁၄ နှစ်သမီး သေဆုံး၊ ဒေသခံ ၄ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

နန္ဒမိတ်ကျေးရွာနှင့် ကျော်လှရွာသို့ ကညွတ်ကွင်းမြို့အခြေစိုက် စစ်ကောင်စီအထိုင်တပ်က လက်နက်ကြီးပစ်ခတ်ရာ ကျော်လှရွာမှ အသက် ၁၄ နှစ် ကိုးတန်းကျောင်းသူ မယုရတီခိုင် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ဒေသခံများ ဒဏ်ရာရသွားခြင်းဖြစ်သည်ဟု ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နေ့လယ် ၁ နာရီက လက်နက်ကြီးကျည်ကျတာ။ အဲတုန်းက အထိအခိုက်မရှိဘူး။ ညနေ ငါးနာရီ ထပ်ကျတော့ ကလေးမလေး ထိမိပြီး ဝမ်းဗိုက်ဖောက်ဒဏ်ရာရပြီး မကြာဘူး သေဆုံးတယ်၊ ဆေးကုသခွင့်တောင် မရဘဲ ဆုံးသွားတာ” ဟု ၎င်းက ဆိုသည်။

အလားတူ ဖြူးမြို့နယ်၊ နန္ဒမိတ်ကျေးရွာတွင်လည်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး ဒဏ်ရာရသည်၊ အသေးစိတ်အခြေအနေကို စုံစမ်းဆဲဖြစ်သည်ဟု ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်က တော်လှန်ရေးသမားတို့ ရှိနိုင်သည့် နေရာဝန်းကျင်ကို ပစ်ခတ်နေသဖြင့် ဒေသခံပြည်သူများ ထိမှန်နေကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

အောက်တိုဘာ ၃ ရက်နေ့ကလည်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ရှိ ငတိုးခင်ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ၉ နှစ်အရွယ် နော်နီလာထွေးနှင့် ၄၆ နှစ်အရွယ် ဦးဇော်မင်းတို့ ဒဏ်ရာရရှိခဲ့ကြသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်ကလည်း ညောင်လေးပင်မြို့နယ် ပျည်ရေကြီးကျေးရွာအတွင်း လက်နက်ကြီးကျည်ကျခဲ့ရာ ၇ နှစ်သမီးအရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၃ တွင်လည်း မုန်းမြို့နယ်၊ ကြက်တက်ညောင်ပင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်၊ တိုက်ခိုက်မှုအတွင်း အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ကပ်လျက်ရှိသည် ပဲခူးတိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးအသားအစည်းအရုံး (KNU)၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက စစ်ရေးအရ လွှမ်းမိုးနိုင်ရန် ယခုနှစ်ဆန်းပိုင်းမှစ၍ ကြိုးပမ်းနေရာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button