အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ရသေ့တောင်စစ်ဘေးရှောင် သေဆုံး 

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ယနေ့ (ဇူလိုင် ၉) နံနက်ပိုင်းတွင် သေဆုံးခဲ့သည်။ 

ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာမှ အသက် ၆၆ နှစ်အရွယ် ဦးမောင်ကျော်သန်းသည် ယမန်နေ့တွင် လယ်ကွင်းပြင်၌ နွားကျောင်းနေစဉ် မိုင်းပေါက်ကွဲမှုကြောင့် မျက်နှာတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်နည်းတူ ခြေထောက်နှစ်ဖက်စလုံး ပြတ်လုနီးပါး ဒဏ်ရာရရှိခဲ့သည်။ စစ်တွေဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်ကတော့ ဟိုဘက်ကိုလည်း အပြစ်မတင်၊ ဒီဘက်ကိုလည်း အပြစ်မတင်။ ဘယ်လိုဆိုမလဲ ပြောဖို့လည်း မတတ်တော့ဘူး။ ကျွန်တော့်မှာတော့ ခံစားရတာ တစ်ခုပဲ သိတယ်။ ကိုယ့်ယောက္ခမတစ်ယောက် ခုလိုဖြစ်သွားတော့ လက်မောင်းတစ်ဖက် ပြုတ်သွားသလို ဖြစ်သွားတယ်”ဟု သေဆုံးသူ ၏ သမက်ဖြစ်သူ ကိုလှစိန်ထွန်းက ပြောသည်။

ရသေ့တောင်မြို့နှင့် တစ်မိုင်အကွာရှိ ငတောက်တူချေကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ရွာခံများ စစ်ရှောင်နေသဖြင့် လတ်တလောတွင် လူနေထိုင်ခြင်း မရှိပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးမောင်ကျော်သန်းတို့မိသားစုအပါအဝင် တခြားမိသားစုအချို့သည် ယခု မိုင်းပေါက်ကွဲသည့်နေရာမှ တစ်မိုင်ခန့်ဝေးကွာသည့် “ကျွန်းတောင်” ဆိုသည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာသည့် ၂၀၁၈ နှစ်ကုန်ပိုင်းက စတင်ကာ မိုင်းပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်နေပြီး အရပ်သားသေဆုံးမှုများလည်းရှိနေသည်။

လက်ရှိအချိန်အထိ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးမှု ၂၆ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၅၇ ဦး ရှိသည်ဟု စစ်ရှောင်များအရေး ဆောင်ရွက်နေသော ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)ထံမှ သိရသည်။ 

ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုတွင် မိုင်းအန္တရာယ်အသိပညာပေးမှု ဆောင်ရွက်နေသည့် REC သည် မြို့နယ်ခြောက်မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်ရန်ရှိသည်ဟု ဆိုသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button