အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသည့် မြန်မာလုပ်သား ၃၀၀ ကျော် ပြန်လည်လွှဲပြောင်း

ကိုဗစ်နိုင်တင်း စတင်ဖြစ်ပွားခဲ့ရာ ဝူဟန်မြို့အပါအဝင် တရုတ်နိုင်ငံရှိမြို့နယ်အသီးသီးတွင် ထိန်းသိမ်းခံခဲ့ရသည့် မြန်မာအလုပ်သမား ၃၀၀ ကျော်ကို မြန်မာနိုင်ငံသို့ နှစ်သုတ်ခွဲ၍ ပို့ဆောင်ပေးနေပြီဖြစ်သည်။

ပြန်လည်လွှဲပြောင်းပေးသူ ၃၁၄ ဦးအနက် ၂၄၁ ဦးမှာ ကိုဗစ်နိုင်တင်း စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှဖြစ်သည်။

ယင်းမြန်မာအလုပ်သမားများမှာ ဝူဟန်မြို့အပြင် အခြားပြည်နယ် ၄ ခုရှိ မြို့ ၅ မြို့မှဖြစ်ပြီး ယမန်နေ့ (မေ ၆) က ပထမအသုတ်အနေဖြင့် ဖမ်းဆီးခံထားရသူ ၅၄ ဦးကို မူဆယ် နန်းတော်ဂိတ်မှ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်က ပြောသည်။

ကျန်ရှိနေသည့် အလုပ်သမားများကို ယနေ့(မေ ၇) နံနက် အစောပိုင်းက စတင်လွှဲပြောင်းပေးနေပြီး နေ့လယ် ၂ နာရီခန့်အထိ လွှဲပြောင်းမှုမပြီးပြတ်သေးကြောင်း မူဆယ်မြို့နယ်ကိုဗစ်နိုင်တင်း ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးသူရိန်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အလုပ်သမားတွေက ရာဇဝတ်သားတွေတော့ မဟုတ်ပါဘူး။ ကိုဗစ်ဖြစ်နေတဲ့အချိန်ဆိုတော့ တရုတ်အာဏာပိုင်တွေက ခဏထိန်းသိမ်းလိုက်တဲ့သဘောပါ” ဟု ဦးသူရိန်က ဆိုသည်။

ကိုဗစ်နိုင်တင်းဖြစ်ပွားနေသည့်ကာလအတွင်း လုပ်ငန်းခွင်များအတွင်း တစ်စုတစ်ဝေးတည်းရှိနေသည့် မြန်မာအလုပ်သမားများကို ရောဂါမပြန့်ပွားစေရေးအကြောင်းပြချက်ဖြင့် တရုတ်အာဏာပိုင်များက ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု ဦးသူရိန်က ပြောသည်။

လူပေါင်း ၃၀၀ ကျော်မှာ တရုတ်နိုင်ငံရှိ သက်ဆိုင်ရာပြည်နယ်များတွင် ၃ လခန့် စောင့်ကြည့်ခံထားခဲ့ပြီးဖြစ်ကာ တရုတ်နိုင်ငံ၏ ကျန်းမာရေးထောက်ခံချက်ပါဝင်သော်လည်း ပြည်တွင်း၌လည်း ကန့်သတ်စောင့်ကြည့်ရန် မြို့နယ်ကိုဗစ်နိုင်တင်းထိန်းချုပ် ကာကွယ်ကုသရေးကော်မတီက စီစဉ်ထားသည်။

၎င်းတို့ကို သက်ဆိုင်ရာမြို့နယ်များသို မပို့ဆောင်မီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန်ရှိသည့်အတွက် မူဆယ်မြို့ရှိ အထက်တန်းကျောင်း တစ်ကျောင်းနှင့် တရုတ်စာသင်ကျောင်းတို့တွင် နေရာချထားမည်ဖြစ်သည်။

ဧပြီ လကုန်ပိုင်းမှစ၍ တရုတ်မြန်မာ နယ်စပ်ဂိတ်ပေါက်များဖြစ်သည့် မူဆယ်၊ ရန်လုံကျိုင်း၊ ချင်းရွှေဟော်နှင့် အထူးဒေသ (၄) မိုင်းလားမြို့နယ်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ မြန်မာအလုပ်သမားများ ဆက်တိုက်ဝင်ရောက်လျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button