အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်း-မလေး နယ်စပ်အချုပ်ခန်းမှ မြန်မာလုပ်သား ၃၄ ဦး ကိုဗစ်နိုင်တင်း ကူးစက်ခံရ

ထိုင်း-မလေး နယ်စပ်ရှိ လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတစ်ခုမှ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၃၄ ဦးတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိခဲ့သည်ဟု ထိုင်းသတင်းဌာနတစ်ခုက ယနေ့(ဧပြီ ၂၅) တွင် ထုတ်ပြန်ခဲ့သည်။

ယနေ့တွင် ထိုင်းနိုင်ငံ၌ ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသူ ၅၃ ဦးအနက် ၄၂ ဦးမှာ ထိုင်း-မလေးရှား နယ်စပ် ဆွန်ခလာခရိုင် စဒေါင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွင် ကူးစက်ခံရသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား ၃၄ ဦး၊ ဗီယက်နမ် ၃ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦး၊ ယီမင်နိုင်ငံသား ၁ ဦး၊ ကမ္ဘောဒီးယား ၁ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦး တို့ဖြစ်ကြောင်း ထိုင်းအခြေစိုက် Channel 7 သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းတွင် ယင်းအလုပ်သမား ၄၂ ဦးမှာ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူများဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ကို သီးခြားထိန်းသိမ်း စောင့်ကြပ်ကုသလျက်ရှိကြောင်း ကူးစက်ရောဂါစီမံခန့်ခွဲမှုဆိုင်ရာ ကိုရိုနာစင်တာပြောရေးဆိုခွင့်ရှိသူ Dr. Taweesil Witsanuayothin က ပြောကြားခဲ့သည်။

“သူတို့ကလောလောဆယ်တော့ ထိန်းသိမ်းရေးစခန်းထဲမှာပဲ ထိန်းသိမ်းရေးစခန်းမှာဆိုပေမယ့် ထိုင်းနိုင်ငံသားတွေနည်းတူ သူတို့ကိုဆေးကုပေးနေတယ်လေ” ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ (ရနောင်းတာဝန်ခံ) ဦးကျော်စိုးဝေကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တရားမဝင်အလုပ်သမားများ ဖြစ်သည့်အတွက် အများနည်းတူ ဆေးရုံတွင် ကုသခွင့်ရမည်မဟုတ်ဘဲ လဝက(လူဝင်မှုကြီးကြပ်ရေး) ထိန်းသိမ်းရေးစခန်းတွင် ကုသပေးမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“သူတို့(၃၄ ဦး)က မလေးရှားမှာသွားပြီး အလုပ်လုပ်တဲ့အဖွဲ့တွေပေါ့ မလေးရှားက ပိတ်ထားတော့ မြန်မာနိုင်ငံပြန်ဖို့ ထိုင်းကနေတစ်ဆင့် ခိုးဝင်ကြတာပေါ့” ဟု၎င်းကဆက်ပြောသည်။

ယနေ့တွင် ထိုင်းနိုင်ငံ၌ ရောဂါပိုးတွေ့ရှိမှုသည် အမြင့်မားဆုံးဖြစ်ပြီး ယနေ့အထိ ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသူ ၂,၉၀၇ ဦးရှိသည့်အနက် မြန်မာနိုင်ငံသား ၅၁ ဦးရှိပြီး အားလုံးမှာ ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း သံအရာရှိကပြောသည်။

လက်ရှိတွင် ထိုင်း-မြန်မာ တရားဝင်နယ်စပ်ဂိတ်များကို ပိတ်ထားပြီး မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ဧပြီ ၃၀ ရက်နေ့ နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ပြန်ရောက်လာပါက အစိုးရက သတ်မှတ်ထားသည့်နေရာတွင် ၂၁ ရက်တိတိ အသွားအလာကန့်သတ် စောင့်ကြည့်ခံရမည်ဖြစ်သည်။

မတ် ၂၃ မှစ၍ ဧပြီလဆန်းအထိ တာချီလိတ်၊ မြဝတီ၊ ဘုရားသုံးဆူ၊ ကော့သောင်းနယ်စပ်တို့မှ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀,၀၀၀ ခန့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button