မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသားတွေကို ရည်ရွယ်တဲ့ လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးတွေ အရှိန်မြှင့်လာတာနဲ့အမျှ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားဟာ ဖမ်းဆီးခံရမှု၊ အလုပ်လက်မဲ့ဖြစ်မှုနဲ့ ဥပဒေရေးရာ အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။
UNHCR အသိအမှတ်ပြုကတ် ကိုင်ဆောင်ထားသူတချို့ပါ စိုးရိမ်ပူပန်နေရပြီး အလုပ်လုပ်ခွင့်ပါမစ် အသစ်မရတာ၊ အလုပ်ရှင်တွေက အလုပ်ခန့်ဖို့ စိုးရိမ်လာတာတွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း လျော့နည်းလာနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ဒီရုပ်သံမှာတော့ မလေးရှားရဲ့ တင်းကျပ်လာတဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒနောက်ကွယ်က အကြောင်းရင်းတွေ၊ ဖမ်းဆီးခံ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေနဲ့ ကူညီပေးနေသူတွေရဲ့ အမြင်တွေကို စုစည်းတင်ပြထားပါတယ်။
ကိုလှိုင်း၊ အောင်နိုင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



