အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရခိုင်နှင့် ဧရာဝတီတွင် မိုခါမုန်တိုင်းရှောင်သူ လူသောင်းနှင့်ချီ ရှိလာ

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မိုခါမုန်တိုင်းဟာ ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိလာပြီလို့ မြန်မာ မို/ဇလဌာနနဲ့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေမှာ မေလ ၁၁ ရက်နေ့က အသီးသီး ထုတ်ပြန်ထားကြပါတယ်။

မုန်တိုင်းလမ်းကြောင်းနဲ့ မလွတ်တဲ့ ဒေသတွေနဲ့ ပင်လယ်ကမ်းရိုးတန်းမှာ နေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုန်မုန်တိုင်း မိုခါ ဟာ လာမယ့် မေလ ၁၄ ရက်နေ့မှာ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်မှာဖြစ်ပြီး မုန်တိုင်းပြင်းအား တိုက်ရိုက်ထိခိုက်နိုင်တဲ့ မြို့တွေဟာ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနဲ့ ဂွမြို့တွေ ဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေသဝခန့်မှန်းတွက်ချက်သူ ဦးဝင်းနိုင်က ပြောပါတယ်။

မုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ဖို့ ခန့်မှန်းထားတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ပေါက်တော၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ်တွေက ဒေသခံတွေ ထောင်နဲ့ချီပြီး ဘေးလွတ်ရာလို့ ယူဆရတဲ့ အမြင့်ပိုင်းကျေးရွာတွေနဲ့ မြို့ပေါ်တွေကို တိမ်းရှောင်နေကြပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရက္ခိုင့်တပ်တော် (AA) အနေနဲ့လည်း မုန်တိုင်းအန္တရာယ် အဓိကကျရောက်နိုင်တဲ့ ကျေးရွာက ဒေသခံတွေကို မေလ ၁၀ ရက်နေ့က စတင်ပြီး ကူညီရွှေ့ပြောင်းပေးတာတွေ လုပ်နေတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက Myanmar Now ကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button