အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်းနှင့်မလေးရောက်မြန်မာများ အလည်ပြန်ခရီးဆိုင်းထားဖို့ မြန်မာသံရုံးများအကြံပြု

CoVID -19 ကြောင့် မလေးရှားရောက် မြန်မာများ မြန်မာနိုင်ငံသို့ ခေတ္တခဏပြန်လာခြင်းနှင့် မလေးရှားမှ အခြားတိုင်းပြည်တစ်ခုခုသို့ သွားလာခြင်းများကို ရှောင်ကြဉ်ရန် ကွာလာလမ်ပူရှိ မြန်မာသံရုံးက မတ်လ ၁၇ တွင် အကြံပေးလိုက်သည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်ကလည်း ထိုင်းနိုင်ငံရောက် မြန်မာများအား အလားတူအကြံပေးချက်ကို ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ခဲ့သေးသည်။

ထိုင်း နှင့် မလေးရှားနိုင်ငံတို့တွင် မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီ ရောက်ရှိနေပြီး ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများသည် နှစ်စဉ်ဧပြီလလယ် ထိုင်းသင်္ကြန်ပိတ်ရက်အတွင်း မြန်မာနိုင်ငံသို့ ပြန်လာလေ့ရှိကြသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ထိုင်းသို့ တရားဝင်သွားရောက်သည့် မြန်မာလုပ်သား ၁ ဒသမ ၄ သန်း ရှိပြီး မလေးရှားတွင် သုံးသိန်းအထိရှိသည်။ အမှန်တကယ်စာရင်းမှာ အဆိုပါအရေအတွက်ထက် နှစ်ဆ ပိုနိုင်ကြောင်း ခန့်မှန်းမှုများလည်းရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် မလေးရှားအစိုးရကလည်း မတ်လကုန်အထိ ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများမှလွဲပြီး အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများ ပိတ်သိမ်းရန် ဆုံးဖြတ်ခြင်း၊ မလေးနိုင်ငံသားများကို ပြည်ပခရီးသွားလာခွင့်ကန့်သတ်ခြင်းနှင့် နိုင်ငံခြားသားဝင်ရောက်ခွင့်ကို ကန့်သတ်ခြင်းတို့ကို ပြုလုပ်နေကြောင်းလည်း ပါရှိသည်။

လတ်တလောအခြေအနေတွင် စျေးအချို့စတင်ပိတ်နေပြီး လူစုလူဝေးများသည့် နေရာများသို့ မသွားရန် မလေးရှားအစိုးရမှ ထုတ်ပြန်ထားသည်ဟု ကွာလာလမ်ပူမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် သွားရောက်လုပ်ကိုင်နေသည့် ကိုနေလင်းထွန်းကပြောသည်။

ပြန်လာချင်ကြတဲ့ လူတွေလည်း ဒီမှာရှိတယ်၊ ကျွန်တော်လည်းပြန်လာချင်တာပဲ။ ဒီမှာက လကုန်ထိ ထုတ်ပြန်ထားတော့ လကုန်ပြီးမှပဲ ဆက်စောင့်ကြည့်ရမှာ။ အခုဆို ရဲတွေလည်း တော်ရုံစစ်ဆေးတာတွေ မရှိဘူး။ အရင်ဆို တအားစစ်တာ။ Shopping Mall တချို့ကလည်း မပိတ်ကြသေးဘူး။ ဒါပေမယ့် လူလည်းမရှိဘူး။ လကုန်လောက်ထိက ဒီတိုင်းပဲ တိတ်ဆိတ်ပြီး အိမ်ထဲမှာပဲနေကြရမှာဟု ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများအနက် နိုင်ငံတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးတော့မည့်သူများရှိနေပြီး ၎င်းတို့အတွက်ကိုတော့ မလေးရှားအစိုးရမှ မည်ကဲ့သို့လုပ်ဆောင်မည်ကို သီးခြားကြေညာထားခြင်း မရှိသေးကြောင်း သူကပြောသည်။

မတ် ၁၇ ညနေပိုင်းအထိ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၁၈၀,၀၀၀ ကျော်ရှိပြီး ၇,၀၀၀ ကျော် သေဆုံးခဲ့သည်။ ထိုင်းနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၁၇၁ ဦး နှင့် တစ်ဦးသေဆုံးကာ မလေးရှားတွင် ၅၅၃ ဦးကူးစက်ခံရကာ နှစ်ဦးသေဆုံးခဲ့သည်ဟု Channel News Asia သတင်းဌာနက ရေးသားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button