အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်တွင် လူထုတွေ့ဆုံပွဲလုပ်မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်သီတင်းပတ်တွင် ပြင်ဦးလွင်မြို့၌ လူထု​တွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကပြောသည်။

 

အဆိုပါတွေ့ဆုံပွဲကို ပြင်ဦးလွင်ခရိုင်အားကစားကွင်း၌ အင်္ဂါနေ့တွင် ကျင်းပမည်ဖြစ်ပြီး လူအင်အားသောင်းချီ လာရောက်ရန်စီစဉ်နေကြောင်း ဒေသခံများ မေးခွန်းမေးနိုင်ရန်လည်း ဆောင်ရွက်ထားကြောင်း ၎င်းကဆိုသည်။

 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“တစ်မြို့နယ်လုံး ဘယ်သူ့မှကန့်သတ်မထားဘဲ Open လုပ်မှာပါ။ ပြည်သူ့အသံနားထောင်မယ်။ သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေက ဖြေသင့်တာတိုက်ရိုက်ဖြေမယ်။ မဖြေနိုင်တာ စာတင်ပြီး စာနဲ့ ဖြေမယ်” ဟု ၎င်းကဆိုသည်။

 

တွေ့ဆုံပွဲတွင်မေးမြန်းရန်အတွက် လျှောက်လွှာပုံစံတင်ရမည်ဖြစ်ပြီး လျှောက်လွှာတင်သူများကို နံပါတ်များပေးလိုက်ကာ အဆိုပါနံပါတ်များကို နိုင်ငံတော်အတိုင်ပင်ခံက မဲနှိုက်ပြီးဖြေရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

 

အဆိုပါတွေ့ဆုံပွဲ ပြီးဆုံးချိန်တွင် ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာများဖြစ်သော ကန်တော်ကြီး၊ မဟာအံ့ထူးကံသာ (ပြည်ချစ်ဘုရား) အစရှိသည့် အထင်ကရနေရာများသို့ အတိုင်ပင်ခံပုဂ္ဂိုလ် လည်ပတ်နိုင်ရန် စီစဉ်ထားရှိကြောင်း လုံခြုံရေးပိုင်းနှင့် ပွဲအစီအစဉ်များကိုလည်း အဖွဲ့များဖွဲ့ကာ စီစဉ်လျက်ရှိကြောင်း ၎င်းကဆိုသည်။

 

အဆိုပါခရီးစဉ်နှင့်ပတ်သက်ပြီး မန္တလေးတိုင်းအစိုးရအဖွဲ့အား မေးမြန်းခွင့်မရရှိသေးပေ။

 

ဖေဖော်ဝါရီ ၂၅ တွင်လည်း မြဝတီမြို့၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ပြီး မြဝတီမြို့ရှိကျောင်းပေါင်းစုံမှ ကျောင်းသူကျောင်းသားများက ကင်းထောက်ဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံတို့ဖြင့် နံနက် ၇ နာရီဝန်းကျင်တွင် ရောက်ရှိကြိုဆိုခဲ့ကြကာ လူဦးရေတစ်သောင်းကျော် တက်ရောက်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles