အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

သုံးရက်တိုင်တိုင် အလောင်းကောက်နေရဆဲ ပဇီကြီးရွာ မြေပြင်မြင်ကွင်း

အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာ၌ ယနေ့ (ဧပြီ ၁၃) အထိ ရုပ်အလောင်းများ ကောက်ယူရှင်းလင်းနေဆဲဖြစ်သည်။ လွန်ခဲ့သည့်နှစ်ရက် (ဧပြီ ၁၁) က ရွာအပြင်ဘက် တစ်နေရာ၌ ရာနှင့်ချီသော ရွာခံများ စုဝေးနေစဉ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲပြီးနောက် ရဟတ်ယာဉ်ဖြင့် အနီးကပ်လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ညနေပိုင်းတွင် အလောင်းကောက်နေသူများကို တိုက်လေယာဉ်ဖြင့် နောက်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ဟိုတစ်စသည်တစ်စ ပြန့်ကျဲနေသော ရုပ်အလောင်းများနှင့် ခန္ဓာကိုယ်အပိုင်းအစများကို သုံးရက်တိုင် လိုက်လံကောက်ယူခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၆၅ ဦး သေဆုံးပြီး ထိုအထဲတွင် အမျိုးသမီး ၂၇ ဦး ပါဝင်ကြောင်းနှင့် သေဆုံးသူဦးရေ ယခုထက် ပိုများနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button