အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်နှင့် ပကဖ တိုက်ပွဲဖြစ်စဉ် ထမင်းချက်နေသည့် အမျိုးသမီး ကျည်ထိသေဆုံး

ယမန်နေ့ (ဧပြီ ၅) က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ အပြန်အလှန်ပစ်ခတ်ကြစဉ် ထမင်းချက်နေသည့် ဒေသခံ အမျိုးသမီးတစ်ဦး လည်ပင်းကျည်ထိမှန်ကာ သေဆုံးသွားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှတစ်ဆင့် သပိတ်ကျင်းမြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်သားများလိုက်ပါလာသော တွဲကားသုံးစီးကို တကောင်းပကဖအဖွဲ့က လက်ပံကုန်းဆိုသော ရွာအနီး ချုံခိုတိုက်ခိုက်စဉ် ကြိုတင် ကင်းပုန်းဝပ်နေသည့် စစ်သားများနှင့် အပြန်အလှန်ပစ်ခတ်ကြခြင်းဖြစ်သည်။

စောင့်ကြိုတိုက်ခိုက်ခံရစဉ် စစ်သားများက ရမ်းသန်းပစ်ခတ်ရာမှ လက်ပံကုန်းရွာမှ အသက် ၆၀ အရွယ် အမျိုးသမီးကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကင်းပုန်းဝပ်နေတာလည်း သိတဲ့အတွက်ကြောင့် သူတို့ဆီ မရောက်ခင် ရုတ်တရက် လက်လှမ်းမမီတဲ့ နေရာကို ရွေးပြီးတော့ ဝင်ပစ်လိုက်တာ။ အဲ့ဒါကို သုံးလေးမိုင်လောက် အဝေးကနေ မည်းမည်းမြင်ရာ ရမ်းသန်းပစ်တဲ့အတွက် အမျိုးသမီးကို ထိသွားတာ”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်သားများလိုက်ပါလာသည့် ကားများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့်ကြာ ပစ်ခတ်တိုက်ခိုက်သည်ဟု ဆိုသော်လည်း ထိခိုက်သေဆုံးမှု ရှိမရှိ မသိရပေ။

ထိခိုက်ပျက်စီးမှု အတိအကျ မသိရသော်လည်း ကားများ၏ ဘေးဘက်နံရံများ ပေါက်ပြဲပျက်စီးသွားကာ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာရှိ အမှတ် (၁၃) လေ့ကျင့်ရေးတပ်အတွင်းသို့ ကားအားလုံး ဝင်ရောက်သွားသည်ဟုသာ သိရကြောင်း အထက်ပါ ပကဖတာဝန်ရှိသူက ဆိုသည်။

“တကယ်တမ်းက ကင်းပုန်းဝပ်တဲ့အဖွဲ့က ပစ်တဲ့အချိန်က ကျွန်တော်တို့ တိုက်နေတာ မိနစ် ၂၀ လောက် ပြည့်တော့မယ်။​ တိုက်ပွဲလည်း ပြီးခါနီးနေတဲ့ အချိန်ကျမှ ပစ်ခတ်သံတွေ ထွက်လာတာ။ တိုက်ပွဲနေရာနဲ့လည်း အဝေးကြီး။ တမင်ပစ်ခတ်သွားတာလို့တောင် ပြောလို့ရတယ်”

ကင်းပုန်းဝပ်သည့် စစ်သားများက လက်ပံကုန်းရွာတောင်ဘက်ရှိ ဒေသခံတို့၏ နေအိမ် ၃ လုံးကိုလည်း မီးရှို့ ဖျက်ဆီးသွားသည်ဟု သိရသည်။

ယမန်နေ့က ဖြစ်စဉ်နှင့် ပတ်သက်၍ တကောင်းပကဖက သေဆုံးသူ အမျိုးသမီးအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ပြီး၊ ပြည်သူလူထုအနေဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများ၊ စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိနေရာ နေရာများနှင့် ဝေးရာတွင် နေထိုင်ကြရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် မတ် ၂၇ ကလည်း ကချင်ပြည်နယ်အခြေစိုက်တပ်များထံမှ ပြန်လာသည့် ၄၁ စီးပါ စစ်ယာဉ်တန်းအတွက် တကောင်းတိုက်နယ်အတွင်း လုံခြုံရေးလာယူပေးနေသော စစ်သားများကို နေရာ ၃ နေရာတွင် တကောင်းပကဖအဖွဲ့က တိုက်ခိုက်ခဲ့သည်။ 

မန္တလေးမြို့မြောက်ဘက်တွင် ရှိသည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်း ထီးချိုင့်၊ ကသာ၊ ကောလင်းနှင့် ကချင်ပြည်နယ်အတွင်းသို့ အသွားအလာလုပ်နေသည့် စစ်ကောင်စီယာဉ်တန်းများကို မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles