အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကလေးငယ်များနှင့် အမျိုးသမီးများ သေဆုံးခဲ့ရသည့် ထန်တလန်ဗုံးကြဲတိုက်ခိုက်မှု

ချင်းပြည်နယ်၊ ထန်တလန်မြို့မြောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ ခွာဖိုးရွာထဲကို စစ်ကောင်စီတပ်က မတ်လ ၃၀ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ဦးနှင့် အမျိုးသမီး ၅ဦး စုစုစပေါင်း အရပ်သား ၈ဦး သေဆုံးခဲ့ရသည်။

ဒဏ်ရာရရှိသူ ၁၀ဦးအနက် အချို့မှာ ဒဏ်ရာပြင်းထန်သည်။ ဗုံးဒဏ်ကြောင့် နေအိမ်အချို့နှင့် ခရစ်ယာန် ဘုရားကျောင်းတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ချင်းအမျိုးသားတပ်မတော် CNA ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“အကြမ်းဖက်မင်းအောင်လှိုင်က တပ်မတော်နေ့မှာ ကျွန်တော်တို့ NUG နဲ့ ပံ့ပိုးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်မှု လုပ်မယ်ဆိုတာ ကိုယ့်ပြည်သူကို ရက်စက်ပြတာ။ တကယ့် စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်တယ်။ အဲ့ဒါကြောင့် အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူက ကျွန်တော်တို့ကို ဘယ်လောက်ပဲ အဲ့ဒီလိုလုပ်နေပါစေ၊ ကျွန်တော်တို့က ဆက်လက်ပြီးတော့ ခုခံတွန်းလှန်မယ်” ဟု ဆလိုင်းထက်နီက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button