အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝ နယ်မြေတွင် မူးယစ်မှောင်ခိုအဖွဲ့ကို ဖမ်းမိ

ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ဝ လက်နက်ကိုင်အဖွဲ့(UWSA) ထိန်းချုပ်နယ်မြေတွင် စိတ်ကြွရူးသွပ်ဆေးပြား (WY) ၁၈ သိန်းနှင့်လူ ၈ ဦးကို အောက်တိုဘာ ၁ ရက်နေ့က ဖမ်းဆီးရမိသည်ဟု ဝ တပ်ဖွဲ့၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောသည်။

မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့တစ်ခုက ဝ ထိန်းချုပ်နယ်မြေဖြစ်သော  အမှတ် ၁၇၁ စစ်ဒေသနယ်မြေကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံသို့ မူးယစ်ဆေးပို့ဆောင်မည့် သတင်းကို ရရှိခဲ့သည့်အတွက် ကြိုတင်စောင့်ဆိုင်းခဲ့ပြီးနောက် ယခုလို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

မူးယစ်မှောင်ခိုအဖွဲ့ကို ထိုင်းမြန်မာနယ်စပ် ဟွေအောမြို့နယ် နမ့်ယွန်းရွာအနီးတွင် မနေ့မနက် ၁၁ နာရီ ခန့်က ဖမ်းဆီးရမိခြင်းဖြစ်ပြီး ယင်းအဖွဲ့က စတင်ပစ်ခတ်သည့်အတွက် ပြန်လည်ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း၊ အလောင်း ၂ လောင်း၊ လူ ၈ ဦးနှင့် WY ဆေးပြားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးရမိသူများမှာ မြန်မာနိုင်ငံသားများသာဖြစ်ပြီး ၎င်းတို့ကို အစိုးရထံ ပြန်လည် လွှဲမလွှဲကို အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းသွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ အရင်ကလည်း လွှဲပြောင်းပေးဖူးတာတွေရှိတယ်၊ အခုကတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ ညှိနှိုင်းနေတုန်းပဲ ” ဟု ဦးညီရမ်းက ပြောသည်။

ထို့အပြင် ထွက်ပြေးလွတ်မြောက်သွားသည့် မှောင်ခိုသမားများလည်း ရှိနေပြီး ၎င်းတို့ကို ဖမ်းဆီးနိုင်ရန် ကြိုးစားနေကာ ထိုင်းနိုင်ငံဘက် ကျော်လွန်သွားလျှင် ဖမ်းဆီးနိုင်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

UWSA ‘ဝ’ တပ်ဖွဲ့ထိန်းချုပ်ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို ၎င်းတို့ ကိုယ်ပိုင်ဥပဒေများဖြင့် စီရင်လေ့ရှိပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးလေ့ရှိကာ ယခင်က မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူများကို သေဒဏ်ပေးခဲ့ဖူးသည့် သာဓကများလည်းရှိကြောင်း ‘ဝ’ လက်နက်ကိုင်အဖွဲ့ထံမှ သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button