အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

We Love Dauk Zaw Group တာဝန်ခံ ၂ ဦးကို ၆၆ (ဃ) ဖြင့် အမှုဖွင့်

ဂုဏ်သိက္ခာ ကျဆင်းစေရန် ရေးသားနေ၍ဟုဆိုကာ We Love Dauk Zaw Facebook Group အား တာဝန်ခံလုပ်ဆောင်နေသူ နှစ်ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် မန္တလေးမြို့ အမှတ် ၁၁ ချမ်းမြသာစည် ရဲစခန်းတွင် အမှုဖွင့်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း ပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးပုညဆွေက မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုယ်စား တရားလိုလုပ်ကာ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

We Love Dauk Zaw Group တွင် ပုံတင်နေကြသူများအနက်မှ Aung Pyae San Win အကောင့်နှင့် Swan Ka Bar အကောင့်ဟူသော အကောင့်နှစ်ခုကို အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ဦးပုညဆွေက ဆိုသည်။

“မန္တလေးတိုင်းဝန်ကြီးချုပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တယ်။ ပါတီရဲ့တာဝန်ပေးချက်အရ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုယ်စား တရားလိုအဖြစ် ဂုဏ်သိက္ခာညှိုးနွမ်းစေရန်၊ ပြည်သူလူထု အထင်အမြင်လွှဲမှားစေရန် လွန်လွန်ကျူးကျူး ရေးသားသူအချို့ကို တရားစွဲခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဝန်ကြီးချုပ်၏ ဓာတ်ပုံများပေါ်တွင် “ပါးချခံရမယ်” “ငယ်သေးတဲ့အချစ်မို့ မလေးစားတာလားပြောပါ၊ ကျွန်တော်သိပ်ချစ်တတ်တာ ကျွန်တော်သာ အသိပါ” “ချာတိတ်လေး မင်းကိုယ့်ကို စိုးမိုးလွန်းတယ်ကွယ်” “မင်းဆော်ထက် ငါ့ဆော်ပိုမိုက်တယ် ယျောင့် ငါ့ဆော် ပိုမိုက်တယ်” “စစ်သား-ဒေါက်တာ ဒီနေ့ညက VIP နေ့နော်၊ အေးပါ ငါတို့တွေ အရင်ညထက် ပိုကဲကြတာပေါ့ကွာ” Just for funny စသဖြင့် ရေးသားမှုများကြောင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Myanmar Now အနေဖြင့် အဆိုပါ တရားစွဲဆို ခံထားရသူများကို ယနေ့ညနေပိုင်းအထိ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)သည် အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button