
တပ်မတော်ကို အကြည်ညိုပျက်အောင် facebook ပေါ်တွင် ရေးသားသည်ဟုဆိုကာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာဝိဇိတာရာမတိုက် မလိခဝါဆိုကျောင်းမှ ဆရာတော်ဦးစိန္တိတကို တပ်မတော်က တိုင်တန်းထားသည့်အမှု ပြည်ကြီးတံခွန်တရားရုံးက ယနေ့တွင် ပလပ်လိုက်ခြင်းဖြစ်သည်။
ဦးစိန္တိတ၏ ရှေ့နေဒေါ်ရွက်နုအောင်ကိုယ်စား ယနေ့တရားခွင်သို့ တက်ရောက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသီတာအောင်က နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ကို ဦးတည်သည့် ယခုတပ်မတော်၏ တိုင်ကြားချက်ကို တရားရုံးက ပလပ်လိုက်ခြင်းသာဖြစ်ပြီး အကယ်၍ တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုပါက စွဲဆိုနိုင်သေးသည်ဟု တရားသူကြီးက ပြောကြားကြောင်း Myanmar Now ကိုဖြေကြားသည်။
[youtube https://youtu.be/YF-u2c19v4Q]



