အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား စစ်ရာဇဝတ်ကျူးလွန်မှုဖြင့် အရေးယူရန် ရန်ကုန်တွင်ဆန္ဒပြ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်အချို့အား စစ်ရာဇဝတ်မှုများ ကျူးလွန်ကြောင်း စွပ်စွဲခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းများအား အမြန်ဆုံးလာရောက်ဖမ်းဆီးရန် ရန်ကုန်မြို့လယ်တွင် ဇွန်လ ၂၂ ရက်နေ့လယ်က တစ်ကိုယ်တော်ဆန္ဒပြခဲ့သူအား ရဲက ဖမ်းဆီးခဲ့ပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။

မြန်မာနိုင်ငံဗိုလ်ချုပ်ကြီးများကို စစ်ရာဇဝတ်ကျူးလွန်မှုများဖြင့် အရေးယူရန် ကုလသမဂ္ဂကို ကြိုဆိုပါတယ်၊ နိုင်ငံတကာရာဇဝတ်ခုံရုံးအဖွဲ့ကို ကြိုဆိုပါတယ်ဟု အင်္ဂလိပ်ဘာသာစကားဖြင့် “Welcome UN, Welome ICC” ကြွေးကြော်ချက်များကို မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော်ဟစ်အော်ခဲ့သူမှာ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု – MDCF မှ ဦးတင်မောင်ကြည်ဖြစ်သည်။

၄င်း၏လည်ပင်းတွင်လည်း ဗိုလ်ချုပ်မင်းအောင်လှိုင်အား မြန်မြန်သာ အရေးယူလော့ဟု အဓိပ္ဗါယ်ထွက်သည့် “Take Action Quick General Min Aung Hlaing” ဟူသော စာသားပါ ဆိုင်းဘုတ်ကို ချိတ်ဆွဲခဲ့သည်။

ဆန္ဒပြမှု မိနစ် ၂၀ ခန့်အကြာတွင် ကျောက်တံတားရဲစခန်းက ရဲများက ၄င်းကို ဆန္ဒပြရန် ကြိုတင်အကြောင်းကြားလွှာ မတင်ခဲ့သည့်အတွက်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ပြီး ကိုယ်ပိုင်ခံဝန်အာမခံချက်ဖြင့် ပြန်လွှတ်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲရေးဟာ ဒီစစ်ဗိုလ်ချုပ်တွေ မရှိမှသာလျှင် ပြောင်းလဲလို့ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ICC ကို ဖိတ်ခေါ်ပါတယ်။ UN ကိုလည်း ဖိတ်ခေါ်ပါတယ်။ ပြည်သူ ၅၄ သန်းကျော်အစား  တောင်းဆိုပါတယ်” ဟု တစ်ကိုယ်တော်ဆန္ဒပြသူက ဆိုသည်။

၂၀၁၈ စက်တင်ဘာလ အတွင်းကလည်း ဦးတင်မောင်ကြည်သည် အလားတူ တောင်းဆိုမှုမျိုး ပြုလုပ်ခဲ့ခြင်းကြောင့်  ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ တို့ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် ၆ လနှင့် ၁၅ ရက် ပြစ်ဒဏ် ချမှတ်ခံရသည်။

“အရင်တစ်ခါတုန်းက ကျွန်တော် ဆန္ဒပြမယ့်အကြောင်း စာတင်တယ်။ ခွင့်မပြုပေးဘူး” ဟု တစ်ကိုယ်တော်ဆန္ဒပြသမားက ပြောသည်။

MDCF သည် တပ်မတော်က နိုင်ငံရေးတွင်မပါဝင်ရေး တစိုက်မတ်မတ်တောင်းဆိုနေသည့် အဖွဲ့ဖြစ်ပြီး ခေါင်းဆောင် ဦးထင်ကျော်သည်လည်း တရားစီရင်ရေးကို ဝေဖန်ခြင်း စသည့် ပြောဆိုမှုများကြောင့် ရန်ကင်းမြို့နယ် တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရင်ဆိုင်နေရပြီး လာမည့် ဇွန်လ ၂၇ ရက်တွင် အပြီးသတ် အမိန့် ချမှတ်မည်ဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button