အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

အိန္ဒိယအရှေ့မြောက်ပိုင်းသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား မူးယစ်မှောင်ခိုလမ်းကြောင်းဖြစ်လာ

မြန်မာနိုင်ငံတွင် ချက်လုပ်ဖော်စပ်သော မူးယစ်ဆေးဝါးများသည် အိန္ဒိယ အရှေ့မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်သို့ ပိုမိုဝင်ရောက်လာခြင်းအတွက် ဘင်္ဂလားဒေ့ရှ်တွင် သတိပေးချက်များ ထွက်ပေါ်ခဲ့သည်။

မြန်မာပြည်မှ ရောက်လာသော ယာဘ မူးယစ်ဆေးဝါးများ ဆယ်ဟတ် မြို့တွင် ဖမ်းမိကာ၊ အဆိုပါ ဆေးဝါးများသည် အိန္ဒိယကို ဖြတ်ကာ ရောက်လာခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး အာမက်ယူဆွတ်ဂျမေးလ်က ဧပြီလအတွင်းက မီဒီယာများကို ဘင်္ဂလားဒေ့ရှ်တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သို့ ပို့မည့် ယာဘများ အိန္ဒိယတွင် ကြိုးကြားကြိုးကြား ဖမ်းမိလာခဲ့ပြီးနောက် အိန္ဒိယပြည်နယ်များ ဖြစ်သော ထရီပူရ၊ အာသံ နှင့် မီဂါလာယာ တို့တွင် ဝင်ပေါက်များ ရှိနေကြောင်း ပြသနေသည်။

ယာဘ ဟုခေါ်သော အရောင်တောက် ဓာတုဆေးပြားသည် မီသာဖက်တမင်း နှင့် ကဖိန်း တို့ကို ရောစပ်ထားခြင်းဖြစ်ကာ ဂျပန်တွင် အကီရာအိုဂါတာ ဟု အမည်ရသော ဂျပန်ဓာတုဗေဒသမားတစ်ဦးက ၁၉၁၈ ခုနှစ်တွင် အမြောက်အမြား စတင် ထုတ်လုပ်ခဲ့ပါသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြန်မာနိုင်ငံဘက်တွင် ယာဘထုတ်လုပ်စခန်းများသည် တရုတ်နယ်စပ် ရှမ်းပြည်နယ်တွင်ရှိပြီး ဝပြည်တပ်မတော် (UWSA) က ထိန်းချုပ်နယ်မြေဖြစ်ကာ အဆိုပါ လက်နက်ကိုင်အဖွဲ့သည် မြန်မာ့တပ်မတော်နှင့် ၁၉၈၉ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခဲ့သည်။

ယာဘချက်သည့် စခန်းများသည် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင်ပါ ပေါ်ပေါက်လာခဲ့သည်ဟု သတင်းအချက်အလက်များက ဖော်ပြထားသည်။

အိန္ဒိယအရှေ့မြောက်ပိုင်းသည် ဘင်္ဂလားဒေ့ရှ်နှင့် ၁၈၈၀ ကီလိုမီတာ ရှည်လျားသော နယ်စပ်ရှိကာ တောင်ကုန်းတောင်တန်းများ၊ လွင်ပြင်များ၊ မြစ်များရှိပေရာ လုံခြုံရေးစစ်ဆေးရသည်မှာ နှစ်ဖက်လုံးအတွက် အလွန်အမင်း ခက်ခဲပေသည်။

ပြီးခဲ့သည့် ၃နှစ်အတွင်းက မူးယစ်ဆေးဝါးများသိမ်းဆည်းရမိချက်အရ အိန္ဒိယအရှေ့မြောက်ပိုင်းမှ လမ်းကြောင်းနှစ်ခုဖြင့် မြန်မာမှသည် ဘင်္ဂလားဒေ့ရှ်သို့ ပို့နေကြောင်း သိရှိနိုင်သည်။

မီဇိုရမ် ပြည်နယ်ကို ချန်ဖိုင်မြို့ကို ဖြတ်ကာ အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ လာနေသည့် လမ်းကြောင်းက သယ်ပို့မှု ပိုမိုများသည်ဟု ဆိုထားသည်။

“ချန်ဖိုင်မြို့ဟာ တီးတိန်၊ မန္တလေး စတဲ့ မြန်မာနိုင်ငံက မြို့ကြီးတွေနဲ့ အချိတ်အဆက်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ဒီမူးယစ်ဆေးဝါးတွေ ရောက်လာနိုင်ခြေကို ထည့်မတွက်ဘဲ နေလို့ မရပါဘူး” ဟု ရဲမင်းကြီး တီဆေလိုက ပြောကြားသည်။

နောက်လမ်းကြောင်း တစ်ခုဖြစ်သော မဏိပူရ ပြည်နယ်လမ်းကြောင်းသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဆက်စပ်လျက်ရှိသည်။

မူးယစ်ဆေးဝါးမှောင်ခိုမှုများကို ထိန်းချုပ်ရန် ဆောင်ရွက်နေသော်လည်း မြန်မာဘက်က လာနေသည့် လမ်းများကို မပိတ်ဆို့နိုင်ပေ။ ဘင်္ဂလားဒေ့ရှ် ကောက်ဘဇားဒေသတွင် လမ်းကြောင်းများစွာ ပွင့်နေဆဲဖြစ်ပြီး သောင်းပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်များ ရှိနေရာ ဒေသဖြစ်၏။

Ref: The Diplomat

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button