အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တပ်မတော်က တရားစွဲထားတဲ့ သံချပ်အဖွဲ့ဝင် ၅ ဦး အာမခံ မရ

တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ၅ ဦးကို ဒီကနေ့ ဧပြီလ ၂၂ ရက်မှာ မရမ်းကုန်းမြို့နယ်တရားရုံးကနေ အာမခံမပေးဘဲ အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။

လာမယ့် ၂၉ ရက်နေ့မှာ ရုံးချိန်း ပြန်လည်ချိန်းဆိုထားတာပါ။

သံချပ်ဦးဆောင်သူ ၅ ဦးဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ မကေခိုင်ထွန်း၊ ဒီရေ(ခေါ်) ကိုပိုင်ဖြိုးမင်းနဲ့ ဖိုးသား(ခေါ်) ကိုဇော်လင်းထွန်း တို့ကို တပ်မတော်က မရမ်းကုန်းရဲစခန်းမှာ ပုဒ်မ ၅၀၅ (က) တပ်မတော်ကို ဖြိုခွဲရန် ကြိုးပမ်းမှု နဲ့ အမှုဖွင့်ထားပါတယ်။

ဧပြီလ ၁၉ ရက်နေ့က မကေခိုင်ထွန်းကို မရမ်းကုန်းရဲစခန်းက ဖမ်းဆီးခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သင်္ကြန်ကာလအတွင်း ဖျော်ဖြေခဲ့တဲ့ “ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့ရဲ့စာသားတွေမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်နေတာကို ဆန့်ကျင်တာတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/47WFRprDxoA]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles