နိုင်ငံအနှံ့စစ်ပွဲတွေ ရပ်တန့်စေဖို့ ရည်ရွယ်ပြီး မြန်မာပြည်တွင်း မိုင်ပေါင်း ၁၅၀၀ ငြိမ်းချမ်းရေး ဆိုင်ကယ်စီးခရီးစဉ်မှာ ပါဝင်ဖို့ လူငယ်အများအပြားက ပြင်ဆင်နေကြပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်ကနေ ပေါ်ပေါက်လာတဲ့ စစ်ဘေးသင့် ပြည်သူတွေရဲ့ဘဝတွေကို ခရီးစဉ်အတွင်း လေ့လာကြမှာ ဖြစ်တယ်လို့ ကိုသက်ဆွေဝင်းက မတ်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ Myanmar Press Freedom Center မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြပါတယ်။
မတ်လ ၂၇ ရက်မှာ ဆိုင်ကယ်စီးခရီးစဉ်ကို ရန်ကုန် – မန္တလေး အမြန်လမ်းဆုံက စတင်ထွက်ခွာမှာဖြစ်ပြီး ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့တွေ ပါဝင်မှာဖြစ်ကာ ဧပြီလ ၄ ရက်နေ့မှာ ခရီးစဉ် ပြီးဆုံးမှာ ဖြစ်ပါတယ်။
ဆိုင်ကယ် ၂၀ စီး လူဦးရေ ၃၅ ဦးက စီးနင်းမှာဖြစ်ပြီး အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ဆောင်ထားပါတယ်။
ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)
[youtube https://youtu.be/9Ve_doI961g]



