အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စမ်းချောင်းမီးတွင် သားအဖ ၂ ဦး အပါအဝင် ၃ဦး သေဆုံး

စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ကျိုက်လတ်လမ်းထောင့်ရှိ ငွေတောင်ကဖေးဆိုင်တွင် ယနေ့မနက် ၅ နာရီခန့်က လောင်ကျွမ်းခဲ့သော မီးကြောင့် ထိုဆိုင်တွင် နေထိုင်သော အမျိုးသားတစ်ဦး၊ ၎င်း၏ သမီးဖြစ်သူတစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုတင်ထက်ကိုက အတည်ပြုပြောကြားသည်။

ရှေးသစ်သားနှစ်ထပ်အိမ်အောက်တွင် ဖွင့်လှစ်ထားသော ကဖေးဆိုင်တွင် ဂတ်စ်မီးဖိုဖွင့်ရာမှ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကာ၊ ဆိုင်အပေါ်ထပ်တွင် နေထိုင်သော ဆိုင်ပိုင်ရှင် မိသားစုဝင်တချို့ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ကဖေးဆိုင်ညာဘက်တွင်ရှိသော ခြောက်ထပ်ကန်ထရိုက်တိုက်အားလည်း မီးကူးစက်လောင်ခဲ့သည်။ မီးငြှိမ်းသတ်နိုင်ပြီးနောက်တွင် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်ပုံအတွင်းရှိ ရုပ်ကလာပ်များကို သယ်ထုတ်လာပြီး လူနာတင်ယာဉ်များပေါ်သို့ ပို့ဆောင်ခဲ့သည်။

[youtube https://youtu.be/wB_bglkYZAs]

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles