အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မိသားစုဝင် ၃ ဦး သေဆုံးခဲ့ရတဲ့ စမ်းချောင်းမီးလောင်မှု

ဇန်နဝါရီ လ ၂၃ ရက်နေ့ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျိုက်လတ်လမ်းအနီး လက်ဖက်ရည်ဆိုင်က ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးလောင်ခဲ့ရာမှာ ဆိုင်အပေါ်ထပ်မှာ နေထိုင်တဲ့ မိသားစုဝင် ၃ ဦးလုံး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီအိမ်ဘေးကပ်လျက် ၄ ထပ်တိုက်ရဲ့ အခန်းတချို့လည်း မီးလောင်ကျွမ်းခဲ့တာပါ။

သေဆုံးခဲ့ရတဲ့ မိသားစုဝင်တွေကတော့ အသက် ၇၄ နှစ်အရွယ် ဦးမြခိုင်၊ အသက် ၈၄ နှစ်အရွယ် ဒေါ်မြမြနဲ့ အသက် ၃၈ နှစ်အရွယ် မစိုးစိုးတို့ဖြစ်ပြီး လက်ဖက်ရည်ဆိုင်က အလုပ်သမား ၂ ဦးလည်း ခြေထောက်ကျိုးသွားခဲ့တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုဝင်ဖြစ်သူ မစိမ့်စိမ့်က ပြောပါတယ်။
မီးလောင်မှုဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူတစ်ဦးက အခုလို ပြန်ပြောပြပါတယ်။

မီးလောင်ကျွမ်းရတဲ့ အဓိကအကြောင်းရင်းက ဂတ်စ်ယိုစိမ့်နေတာကို မသိဘဲ မီးမွှေးလိုက်တဲ့အတွက်ကြောင့် စတင်မီးလောင်ခဲ့ပြီး ဂတ်စ်အိုးတွေပေါက်ကွဲမှုကြောင့် တစ်ခဏအတွင်း မီးလောင်ကျွမ်းမှု ကြီးမားခဲ့တယ်လို့ စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မီးလောင်ကျွမ်းခဲ့တဲ့ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီလ ၂၄ရက် မနက်ဖြန်မှာ သင်္ဂြိုဟ်ကြမှာဖြစ်ပါတယ်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁၇၇ သိန်း ၅ သောင်း ရှိခဲ့တယ်လို့ စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/Pp7kUwA5lhs]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles