
စစ်ကိုင်းတိုင်း၊ မူးမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် စီးနင်းရာ တစ်ပတ်အတွင်း ရွာ ၈ရွာ မီးရှို့ခံရပြီး အိမ်ခြေ ၅၀၀ နီးပါး ပျက်စီးခဲ့သည်။
စစ်သားများက ရွာစဉ်လှည့် မီးရှို့နေသဖြင့် ခင်ဦးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ၂ သောင်း နီးပါးအထိ ရှိလာပြီး တောတောင်ထဲတွင် နေထိုင်နေရကာ စားရေး၊ သောက်ရေးပါ ခက်ခဲနေကြသည်။
“လှည်းကလေးတွေနဲ့ပြေးပြီး လှည်းအပေါ်က တစ်ထပ်၊ လှည်းအောက်က တစ်ထပ် အိပ်ကြရတာ။မိုးကာပါတဲ့သူကတော့ မိုးကာပေါ့၊ ဘာမှမပါတဲ့သူတွေကတော့ သစ်ပင်အောက်ခွေပေါ့ဗျာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)
[youtube https://www.youtube.com/watch?v=XEOG62rW4jQ]



