အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NLD ပါတီ ဌာနချုပ်ရှေ့ လယ်ယာမြေအရေး ဆန္ဒပြမှုဖြစ်ပွား

ဗဟန်းမြို.နယ်၊ ရွှေဂုံတိုင်လမ်းဆုံအနီးရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်ရှေ့တွင် သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ကရင်တိုင်းရင်းသားဝတ်စုံများဖြင့် လူအချို.ဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့က ဦးဆောင်သူဟု ယူဆရသူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ယာမြေဧက ၁၃၀၀ ကျော်ကို ကုမ္ပဏီတစ်ခုက သိမ်းဆည်းထားပြီး လက်ရှိအာဏာရအစိုးရနှင့် သက်ဆိုင်ရာအာဏာပိုင်များက တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ယခုလိုဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဒေါ်နော်အေးအေးကြိုင်က ပြောသည်။

“ကျွန်မတို့ ကရင်တိုင်းရင်းသာတွေရဲ့ လယ်ယာမြေတွေကို သိမ်းဆည်းထားတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကိုလည်း အဆင့်ဆင့်တင်ပြတယ်။ ဒါပေမယ့် ဘယ်သူမှ တာဝန်ယူ ဖြေရှင်းပေးတာမရှိဘူး။ ဒါကြောင့် ဆန္ဒဖော်ထုတ်ရတာပါ” ဟု ၎င်းက ဆိုသည်။

သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ မြေယာစိစစ်မှုကော်မတီ ပြန်လည်ဖွဲ့စည်းရေး နှင့် အာဏာရ ဒီချုပ်ပါတီလုပ်ဆောင်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် စစ်အုပ်စုအား အညံ့ခံမႈ မဖြစ်စေရေးဆိုသည့် စာသားများ ရေးသားထားသည့် အနီရောင်ပိုစတာများကို ကိုင်ဆောင်ကာ ကရင်ရိုးရာတိုင်းရင်းသားအဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသမီးငယ်များ နှင့် အမျိုးသားများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆန္ဒဖော်ထုတ်မှုစတင်သည်နှင့် ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဒေါ်နော်အေးအေးကြိုင်နှင့် အမျိုးသားနှစ်ဦး စုစုပေါင်းသုံးဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ ဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု ဗဟန်းမြို့နယ်မြို့နယ်မှူး ရဲမှူးသိန်းဝင်းက ပြောသည်။

“လောလောဆယ်တော့ ဗဟန်းရဲစခန်းကို ခေါ်သွားတယ်။ နည်းနည်းမေးမြန်းဦးမယ်ပေါ့” ဟု ၎င်းက ပြောသည်။

ဆန္ဒဖော်ထုတ်ရာနေရာသို့ ရဲတပ်ဖွဲ့ဝင် အရေအတွက် ၁၀၀ ခန့်ရောက်ရှိခဲ့ပြီး ဆန္ဒဖော်ထုတ်ရာနေရာဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဝင်ပေါက်တံခါးအား ပိတ်ထားသည် ကိုတွေ.ရသည်။

ပြန်ကြားရေးကိစ္စသာ တာဝန်ယူထားသည့်အတွက် အဆိုပါ ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်ပေးမည်ကို မပြောကြားနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ပြောသည်။

“ပါတီကမှာ ဗဟိုတောင်သူလယ်သမားရေးရာကော်မတီကလည်း ရှိနေတော့ ဒါကို ဖြေရှင်းပေးလိမ့်မယ် ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button