အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်ပွဲအတွင်း စစ်တပ်က ဖားကန့်ဒေသခံ ၁၁ ဦးကို ဖမ်းဆီးထား

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ယခုလ ၅ ရက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် နှစ်ရက်ဆက်တိုက်ပွဲဖြစ်စဉ် စစ်တပ်က ဒေသခံ ရွာသူရွာသား ၁၁ ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ဖားကန့်မြို့အရှေ့မြောက်ဘက်ရှိ မှော်ပုံကျေးရွာအနီး ရောက်လာသည့် စစ်တပ်ကို KIA နှင့် PDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ကာ ရွာဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေသည့် ဒေသခံများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် မှော်ပုံရွာခံအများစု ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့က ရွာဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေခြင်းဖြစ်ကြောင်း၊ ယမန်နေ့ (ဒီဇင်ဘာ ၇) တွင် စစ်တပ်က ပြန်လွှတ်ပေးသူများရှိသော်လည်း အသက် ၃၀ အောက်အရွယ် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၇ ဦးကို ဆက်ဖမ်းထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။​

မှော်ပုံရွာမှ စစ်တပ်က ပြန်ဆုတ်သွားသော်လည်း ဖမ်းထားသူများကို ပြန်လွှတ်ပေးခြင်း မရှိသေးသည့်နည်းတူ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မှော်ပုံရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီ၏ ဆန်ခါအကျဉ်းထောင်နှင့် ဖားကန့်ဗျူဟာကုန်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး နှစ်ဖက်စလုံးတွင် အကျအဆုံးများရှိသည်ဟု ဒေသခံ PDF အဖွဲ့နှင့် နီးစပ်သည့် အသက် ၄၀ အရွယ် ထိုအမျိုးသားက ဆိုသည်။​

“ကျွန်တော်တို့ဘက်ကလည်း နှစ်ယောက်ကျတယ်။  KIA တစ်ယောက်၊ PDF တစ်ယောက်ပေါ့။ သူတို့ဘက်ကလည်း အကျများတယ်၊ အရေအတွက်တော့ မသိရသေးဘူး။ မနေ့ညကတော့ လက်နက်ကြီးတော်တော်ပစ်တယ်”

စစ်တပ်က လက်နက်ကြီးပစ်စဉ် မှော်ပုံနှင့် ဆန်ခါရွာအနီးတို့အပြင် အခြားနေရာများကိုလည်း ကျရောက် ပေါက်ကွဲသည်ဟု သိရသည်။

မှော်ပုံရွာမြောက်ဘက် ၈ မိုင်ခန့်အကွာရှိ ကံစီးရွာ စစ်တပ်ဗျူဟာကုန်းတွင်လည်း စစ်တပ်က အင်အား ၂၀၀ ခန့်အထိ အင်အားဖြည့်တင်းထားသည်ဟု ဆိုသည်။​

ဖားကန့်မြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားဆဲဖြစ်သော်လည်း သတိထားနေရသည်ဟု မြို့ခံဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီနေ့ နေ့ခင်းပိုင်းတော့ မဖြစ်တော့ဘူး။ ဒါပေမဲ့ သူတို့ (စစ်ကောင်စီ) က အင်အားတွေထပ်ဖြည့်ထားတယ် ကြားတယ်။ သတိတော့ထားနေရတာပေါ့လေ”

အာဏာသိမ်းပြီးကတည်းက အဖိုးတန်ကျောက်စိမ်းထွက်ရာ ဒေသတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA အရာရှိအရာခံများ အပါအဝင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီးနောက် စစ်ရေးတင်းမာသထက် တင်းမာလာကာ အပြန်အလှန်ဖမ်းဆီးမှုများနှင့်အတူ ထိတွေ့တိုက်ပွဲများလည်း မကြာခဏဖြစ်နေသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button