အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အစဉ်တစိုက် ဓမ္မဘက်ရပ်တည်ခဲ့သည့် မြဝတီမင်းကြီးဆရာတော်၏ ဈာပန

စစ်တပ်ကို ဝေဖန်ရာတွင် ထင်ရှားခဲ့သည့် မြဝတီမင်းကြီးဆရာတော်၏ ဈာပနပူဇာအခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း တာ့ခရိုင်၊ ကျေးရွာတစ်ရွာတွင် ယနေ့ (အောက်တိုဘာ ၃၁) တွင် ကျင်းပခဲ့ပြီး လူပေါင်း ၁၀၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

ဆရာတော်၏ ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာကို အဆိုပါကျေးရွာတွင် ဆက်လက်ထားရှိမည်ဖြစ်ပြီး တော်လှန်ရေးပြီးမှသာ မြန်မာနိုင်ငံအတွင်း သယ်ယူပူဇော်ရန် တပည့် ဒါယကာ၊ ဒါယိကာမတို့က ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

သက်တော် ၇၀ အရွယ် ဆရာတော်သည် အောက်တိုဘာ ၂၇ ရက် ညတွင် နှလုံးသွေးကြောပိတ်ရောဂါဖြင့် ပျံလွန်သွားခြင်းဖြစ်သည်။

ဆရာတော်သည် စစ်ကောင်စီ အာဏာသိမ်းပြီး ၂ ရက်အကြာတွင် နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ဆရာတော်လည်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆရာတော်သည် အာဏာသိမ်းစစ်တပ်၏ ဘာသာရေးအပေါ် အသုံးချမှု၊ နာမည်ကြီးဆရာတော်များ စစ်ကောင်စီနှင့် ပူးပေါင်းမှုကိုလည်း အစဉ်တစိုက် ဝေဖန်ခဲ့သည်။

စစ်တပ်၏ အပြုအမူများကို ဝေဖန်သဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် တရားစွဲဆိုခံခဲ့ရပြီး ရုံးချိန်းပေါင်း (၃၀) ကျော်ကို ပြင်ပမှ ရင်ဆိုင်နေရစဉ် စစ်တပ်အာဏာသိမ်းမှု ပေါ်ပေါက်လာပြီးနောက် ချက်ချင်း အဖမ်းခံရခြင်း ဖြစ်သည်။

ထို့နောက် (၆) လအကြာ သြဂုတ် (၂) ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ထို့နောက် ဆရာတော်သည် မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်ကို စွန့်ခွာကာ နယ်စပ်ဒေသတွင် သွားရောက်ခိုလှုံ သီတင်းသုံးစဉ် ပျံလွန်တော်မူခဲ့သည်။

[youtube https://youtu.be/iNAVseaTQzw]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button