အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်တပ်ဗုံးကြဲမှုအပေါ် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူနှင့် ဆက်သွယ်မေးမြန်းချက်

“တမင်တကာ အစီအစဉ်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်တာ။ ဒါကတော့ လူမဆန်တဲ့ကိစ္စဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုလည်းမြောက်တယ်”- ဗိုလ်မှူးကြီးနော်ဘူ

—–

KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူနှင့် ဆက်သွယ်မေးမြန်းချက်

KIO ၏ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေဖြစ်သည့် ဖားကန့်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ အနန့်ပါ ကျေးရွာတွင် KIO၏ ၆၂ နှစ်ပြည့်အကြို ဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် ယမန်နေ့ (အောက်တိုဘာ ၂၃) ညပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူသေဆုံး၊ ထိခိုက်မှု များစွာ ရှိခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အတိအကျ မသိရသော်လည်း သေဆုံး၊ ဒဏ်ရာရသူဦးရေ ၁၀၀ကျော် ရှိသည်ဟု KIA နှင့်နီးစပ်သူများထံ မွန်းလွဲ ၂နာရီခွဲအချိန် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

သေဆုံးသူများတွင် KIA အရာရှိများ အပါအဝင် ကချင်အနုပညာရှင်အချို့နှင့် ဒေသခံပြည်သူများ ဖြစ်ကြသည်ဟု သိရှိရသည်။

 

[youtube https://youtu.be/8xtynN8ZmBo]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles