အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကမ္ဘာ့ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့က မြန်မာကို အမည်ပျက်စာရင်းသွင်း

ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုနှင့် ဆက်နွှယ်သော ဘဏ္ဍာရေးလုပ်ငန်းများကို စောင့်ကြည့်သည့် ပြင်သစ်နိုင်ငံ ပဲရစ်အခြေစိုက် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(FATF) အဖွဲ့က ယနေ့ (အောက်တိုဘာ ၂၁ ရက်) တွင် မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်သည်။

FATF မျက်နှာစုံညီအစည်းအဝေးတွင် ထို့သို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး မြန်မာအနေဖြင့် အီရန်နှင့် မြောက်ကိုးရီးယားပြီးလျှင် နောက်ထပ်အမည်ပျက်စာရင်းအသွင်းခံလိုက်ရသည့် နိုင်ငံဖြစ်လာသည်။

ပြီးခဲ့သည့်နှစ်အတွင်း စစ်ကောင်စီအာဏာသိမ်းပြီးနောက် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် FATF အဖွဲ့က အကြံပြုထားသော လိုက်နာရန်အချက်များကို မဖြည့်ဆည်းနိုင်ခြင်းတို့ကြောင့် Blacklist (အမည်ပျက်) စာရင်းတင်သွင်းခြင်းဟု (FATF) က ဆိုသည်။

FATF အဖွဲ့အနေဖြင့် မြန်မာနိုင်ငံကို ငွေကြေးခဝါခမှုနှင့် အကြမ်းဖက်တိုက်ဖျက်ရေးတွင် အာနည်းသည်ဆိုကာ တိုးတက်မှုစောင့်ကြည့်ရမည့် မီးခိုးရောင်းစာရင်း(Gray List) တွင် ထည့်သွင်းထားရာမှ အမည်ပျက်စာရင်း Blacklist သို့ တိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုနှင့်အတူ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်မာမှ ထွက်ခွာနေသလို ရင်းနှီးမြှုပ်နှံမှုအသစ်များဝင်ရောက်ရန်ရုန်းကန်နေရချိန် အမည်ပျက်စာရင်းအသွင်းခံရမှုကြောင့် အကြီးအကျယ်ရိုက်ခတ်မှုရှိနိုင်ကြောင်း စီးပွားရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံသားဘဏ်အကောင့်များ၊ နိုင်ငံတကာငွေပေးချေမှုများအပေါ် ပိုမိုစောင့်ကြည့်ခံရနိုင်ပြီး ခေတ်အဆက်ဆက်တွင် စင်္ကာပူမှတစ်ဆင့် ကုန်သွယ်ရေးနှင့် အခြားငွေပေးချေမှုပြုလုပ်ခဲ့သည့်လုပ်ငန်းကိုပင် ရိုက်ခက်နိုင်ကြောင်း ၎င်းက ဆိုသည်။

အမည်ပျက်စာရင်းသွင်းခံရပါက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်ကို လက်လှမ်းမီရန် ခက်ခဲနိုင်ပြီး လူပုဂ္ဂိုလ်၊ စီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်းများ၏ နိုင်ငံတကာဘဏ်စာရင်းဖွင့်လှစ်မှုများခက်ခဲနိုင်ကြောင်း အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) မြန်မာ၏ သတိပေးစာတစ်စောင်တွင် တွေ့ရသည်။

အမည်ပျက်အသွင်းမခံရရန် စစ်ကောင်စီက ဆောင်ရွက်ခဲ့ပြီး တိုးတက်မှုများကို အစီရင်ခံစာတင်ပြနိုင်ကြောင်း စစ်ကောင်စီ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့၏ အထူးစောင့်ကြည့်ရန် လိုအပ်သော နိုင်ငံများစာရင်းတွင် ၂၀၁၄ မှ ၂၀၁၆ အထိ ပါဝင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် အပြည့်အဝ ပူးပေါင်းပါဝင်မှု မရှိသော နိုင်ငံများစာရင်းသို့ ထည့်သွင်းခြင်းခံရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles