အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲပြင်းထန်နေ

ရန်ကုန် —ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဇူလိုင် ၁၄ ရက်နေ့တည်းက စတင်ခဲ့သည့် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြား တိုက်ပွဲသည် ယနေ့ (ဇူလိုင် ၂၀ ရက်နေ့) တွင် ပိုမိုပြင်းထန်လာသည်ဟု ကေအိုင်အေ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲ၏အစသည် ကေအိုင်အေ တပ်မဟာ (၉)၊ တပ်ရင်း (၆) ထိန်းချုပ်ရာ အဆိုပါဒေသတွင် တပ်စွဲထားသည့် စခန်းများကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ခြင်းကြောင့်ဖြစ်ကြောင်း ကေအိုင်အေ ပြောခွင့်ရအရာရှိက ဆိုသည်။

“တပ်မတော်ဘက်ကတော့ အင်အားတွေလည်း တိုးထားတယ်၊ လက်နက်ကြီးတွေလည်း သုံးတယ်။” ဟု သူက ပြောသည်။

ယနေ့ နံနက် ၇ နာရီခန့်မှစ၍ ပိုမိုပြင်းထန်လာသော တိုက်ပွဲကြောင့် နှစ်ဖက်အကြား သေကျေဒဏ်ရာရမှုများလည်း ရှိခဲ့ကြောင်း အဆိုပါ ကေအိုင်အေ စစ်အရာရှိက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲသတင်းကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကလည်း အတည်ပြုခဲ့ပြီး နှစ်ဖက်တပ်သားများသည် ကျေးရွာများနှင့် အလှမ်းဝေးသည့် ဖားကန့်မြို့နယ်၏ အရှေ့မြောက်ဘက် ဆယ်မိုင်ခန့်အကွာ ဂျာရာယာန်ဒေသ၊ ဘွန်ဂျန်တောင်အနီးတွင် တိုက်ခိုက်နေသည်ဟု ဆိုသည်။

“အခုအထိတော့ စစ်ရှောင်တွေရှိတယ်ဆိုတာ မကြားရသေးပါဘူး။ ကျေးရွာတွေနဲ့နီးရင်လည်း အုပ်ချုပ်ရေးအဖွဲ့တွေက လှမ်းသတင်းပို့ပါလိမ့်မယ် ” ဟု ဖားကန့်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။

တစ်ပတ်နီးပါးကြာပြီဖြစ်သည့် အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအရာရှိများထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပါ။

တပ်မတော်နှင့် ကေအိုင်အေတို့အကြား ၁၉၉၄ ခုနှစ်မှ စတင်သည့် ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ပျက်ပြားသွားပြီးနောက် ကချင်ပြည်နယ်အနှံ့အပြားတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာခဲ့ပြီး စစ်ဘေးရှောင်အရေအတွက်လည်း တစ်သိန်းကျော်အထိ ရှိလာခဲ့သည်။

ငြိမ်းချမ်းရေးအတွက် နေပြည်တော်တွင် အစိုးရ၊ တပ်မတော်နှင့် ကေအိုင်အေ ခေါင်းဆောင်များ တွေ့ဆုံနေသည့် တစ်ချိန်တည်းတွင် တိုက်ပွဲဖြစ်ပွားနေသည့်အခြေအနေကို နှစ်ဖက်ခေါင်းဆောင်များ အမြန်ဆွေးနွေးသင့်ကြောင်း ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၉) မှ လွှတ်တော်အမတ် ဦးခင်မောင်မြင့်က သုံးသပ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles