
စစ်တပ်က သိမ်းယူခဲ့သည့် လယ်ယာမြေများနှင့်ပတ်သက်ပြီး မြေသိမ်းခံတောင်သူများကို ကူညီခဲ့သည့် မိတ္ထီလာသား ရှေ့နေ ဦးနိုင်နိုင်ထွန်းသည် ကဗျာရေးပြီး ဘဝကိုအေးချမ်းစွာဖြစ်သန်း ခဲ့သူဖြစ်သည်။ သူသည် စစ်အာဏာသိမ်းပြီးနောက် KIA တွင် စစ်သင်တန်းတက်ကာ ဗိုလ်နက္ခဖြစ်လာပြီး စစ်ကောင်စီကို ခုခံစစ်ဆင်လျက်ရှိသည်။
စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ရန် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုက အရေးကြီးကြောင်း ပြည်သူများ၏ အတွေးအခေါ်ပြောင်းလဲလာမှုကြောင့် နွေဦးတော်လှန်ရေး အောင်မြင်မယ်ဟု ယုံကြည်လျက်ရှိသည်။ တော်လှန်ရေးပြီးဆုံးသွားသည့် တနေ့ကျရင် တတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းပြုရင်း ကဗျာတွေ စာတွေနှင့် ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းသွားချင်ကြောင်း ဗိုလ်နက္ခတ်က ဆိုပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/I2s3zOCWiWE]



