အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တအန်းစစ်သမီး ၆ ဦး အဓမ္မကျင့် သတ်ဖြတ်ခံရသည်ဟု TNLA ပြော

(ရန်ကုန်) – ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်အတွင်း ပြီးခဲ့သည့်လက တပ်မတော်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဖမ်းဆီးခံခဲ့ရသော ဆေးမှူးစစ်မေ ၆ ဦးသည် အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရကြောင်း တအန်းလွတ်မြောက်ရေး တပ်မတော် (TNLA) က သြဂုတ် ၆ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် စွပ်စွဲထားသည်။

တပ်မ(၈၈) လက်အောက်ခံ ခမရ – ၃ဝ၁ က ဖမ်းဆီးသွားခဲ့ကြောင်း၊ အဆိုပါလုပ်ရပ်သည် နိုင်ငံတကာစစ်ရာဇဝတ်မှု – ဂျီနီဗာ သဘောတူညီချက်စာချုပ်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုပ်အလောင်းများကို တိုက်ပွဲဖြစ်ပွားအပြီး သုံးရက်အကြာ ဇူလိုင် ၁၄ တွင် မန်တုံမြို့နယ် အွယ်လောကျေးရွာအနီး တူးဖော်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရချိန်တွင် မလွေးမိုးမိုးအမည်ရှိ စစ်သမီးတစ်ဦး ခြေထောက်တွင် သေနတ်ဒဏ်ရာရပြီး စစ်မေ ၆ ဦးလုံး အသက်ရှင်လျက်ရှိနေသည်ဟု တိုက်ပွဲတွင် လွတ်မြောက်ခဲ့သူများအား ကိုးကားပြီး TNLA က ထုတ်ပြန်ထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဒါက မုဒိမ်းမှုလည်းဖြစ်တယ်။ စစ်သုံ့ပန်းကိုလည်း ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်တယ်။ ဒါက မြန်မာ့တပ်မတော်မှာ တာဝန်ရှိတယ် ” ဟု TNLA ၏ ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

မျက်နှာအုပ်ပြီး ဖမ်းဆီးခေါ်ဆောင်ခံရစဉ်က ယူနီဖောင်းအပြည့်အစုံ ဝတ်ဆင်ထားကြကြောင်း၊ တူးဖော်တွေ့ရှိရသည့် ရုပ်အလောင်းနှစ်ခုမှာ ထဘီနှင့် ဖြစ်နေပြီး ရုပ်အလောင်း ၄ ခုတွင် ဘောင်းဘီဇစ်ပြုတ်ခြင်းကဲ့သို့သော မူမမှန်မှုများ တွေ့ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရုပ်အလောင်းများကို စစ်ဆေးရာ လိင်အင်္ဂါတွင် သွေးစများ၊ ဒဏ်ရာများ၊ တစ်ရှူးစများ တွေ့ရှိသည်၊ ကျည်ဆန်ထိဒဏ်ရာ၊ ဓားဒဏ်ရာ၊ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရသည်ဟုလည်း TNLA က စွပ်စွဲထားသည်။

ထိုစွပ်စွဲချက်များကို တပ်မတော်ဘက်က သြဂုတ် ၇ ညနေပိုင်းအထိ တရားဝင်တုံ့ပြန်ခြင်း မရှိသေးပါ။ အဆိုပါစွပ်စွဲချက်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်ချုပ်ထွန်းထွန်းညီကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်း သော်လည်း အဆက်အသွယ်မရခဲ့ပါ။

သို့သော် တပ်မတော်ကာကွယ်ရေးဦးချုပ်ရုံး၏ ဇူလိုင် ၁၉ ရက်နေ့ သတင်းထုတ်ပြန်ချက်တစ်ခုတွင် TNLA နှင့် ဇူလိုင် ၁၁ တိုက်ပွဲအတွင်း ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသားအလောင်း ၃ လောင်း၊ အမျိုးသမီးအလောင်း ၅ လောင်းတို့အား တွေ့ရှိသဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်တွင် မြှုပ်နှံပေးခဲ့သည်ဟု ဖော်ပြထားသည်။

TNLA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲအများအပြားတွင် ပါဝင်နေသည့် TNLA သည် မကြာသေးခင်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button