အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးနှင့် ရှမ်းနယ်စပ်တွင် PDF နှင့် စစ်တပ် တိုက်ပွဲပြင်းထန်နေ

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ်အနီး ယနေ့ (ဩဂုတ် ၅) ရက် နေ့လယ်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။ 

ပြီးခဲ့သည့်ရက်က တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်တပ်သည် ယနေ့ (ဩဂုတ် ၅ရက်) တွင် အင်အား ၁၀၀ နီးပါး ပါဝင်သည့် စစ်ကြောင်းဖြင့် စစ်အင်အားထပ်မံဖြည့်တင်းလာရာ နောင်ချိုမြို့နယ်၊ ခဲမွန်ရွာအနီး နေ့လယ်ပိုင်းမှစ၍ တိုက်ပွဲ ဖြစ်ပွားနေကြောင်း မန္တလေးတိုင်း PDF မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရဲဘော်မိုးကြိုးက ပြောသည်။ 

နောင်ချိုမြို့နယ်၊ ရတနာသိင်္ဂီရွာအနီးတွင် လုံခြုံရေးယူနေသည့် ဒေသခံကာကွယ်ရေးအဖွဲ့နှင့် စစ်ကြောင်းထိုးလာသည့် အင်အား ၂၀၀ နီးပါးရှိ စစ်တပ်တို့ ဩဂုတ် ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သူတို့က ကျွန်တော်တို့ ဒီဘက်မှာရှိတယ်ဆိုတာ သိလို့ စစ်ကြောင်းတက်လာတဲ့ သဘောမျိုးရှိတာပေါ့။ အဲဒီမှာတင် ရတနာသိဂီမိုင်းတွင်းနားမှာ ကျွန်တော်တို့လုံခြုံရေးအရ လှည့်နေတဲ့အချိန်မှာ စပြီးတော့ ထိတွေ့မှုဖြစ်တာပေါ့” ဟု ရဲဘော်မိုးကြိုးက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိသော်လည်း စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၃၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရပြီး အထိနာကာ ပြန်ဆုတ်ခွာသွားသည်ဟု ဆိုသည်။ 

ဩဂုတ် ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာအနီးရှိ ရတနာသိဂီရွာကို စစ်တပ်က ဝင်ထွက်သွားလာခွင့် ကန့်သတ်ထားသည့်အတွက် ဒေသခံများ ကျေးရွာအတွင်း ပိတ်မိနေကြောင်း ရဲဘော်မိုးကြိုးက ပြောသည်။ 

ဇူလိုင်လကုန်ပိုင်းကလည်း ဒေသခံကာကွယ်ရေးအဖွဲ့များ လုံခြုံရေးယူနေသည့် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း စစ်တပ်ဝင်ရောက်လာရာမှ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း မန္တလေးတိုင်း PDF က သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၆ က ထီးချိုင့်ဘက်မှ မန္တလေးဘက်သို့ လာသည့် ကား ၃၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကိုလည်း လမ်းမှ ၅ ကြိမ် ကြားဖြတ်တိုက်ခိုက်ရာတွင် မတ္တရာ PDF နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

မန္တလေးတိုင်း PDF တပ်ဖွဲ့ဝင်များကို ယခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-PDF Mandalay) 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button