အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြင်းခြံအမတ်လောင်း အိမ်ဖောက်ခံရမှု ရဲတပ်ဖွဲ့ စုံစမ်း

(မန္တလေး) — ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက တိုင်ကြားထားသော နေအိမ်ဖောက်ထွင်းခံရမှုကို စုံစမ်းနေသည်ဟု ဒေသခံရဲတပ်ဖွဲ့က စက်တင်ဘာ ၁၂ ရက်နေ့တွင် ပြောသည်။

“ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ နဲ့ အမှုဖွင့်ထားပါတယ်။ အမှုကတော့ မထူးသေးပါဘူး။ ဆက်လက် စုံစမ်း စစ်ဆေးနေဆဲဖြစ်ပါတယ်” ဟု မြင်းခြံမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

အမှတ် (၁၉) ရပ်ကွက်ရှိ အမတ်လောင်း၏ နေအိမ် စက်တင်ဘာ ၄ ရက်နေ့ နေ့ခင်းကြောင်တောင် ဖောက်ထွင်းခံရမှုကြောင့် ကင်မရာတစ်လုံး၊ သွေးချိုတိုင်းကိရိယာ၊ သော့များ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ ဆုံးရှုံးသွားသည်ဟု သိရသည်။

“ကျွန်တော် အံ့သြမိတာက ဗီရိုသော့ကို ဖွင့်ပြီးမှ မွှေနှောက်ပြီး ဗိရိုထဲက ငွေဆယ်သိန်းနဲ့ တန်ဖိုးရှိပစ္စည်းတွေကို မယူပါဘဲ သော့တွေသာ အကုန်ယူသွားတာ” ဟု အမတ်လောင်း ဦးစိန်မြင့်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အိမ်ဖောက်ထွင်းခံရကြောင်း တိုင်ကြားထားသည့် ဦးစိန်မြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး နိုဝင်ဘာ ရွေးကောက်ပွဲဝင်မည် ဖြစ်သည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်ထွက်ချိန်တွင် ဖောက်ထွင်းမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်က စည်းရုံးရေးဆင်းနေချိန်၊ ကျွန်တော့်အမျိုးသမီးက ရပ်ကွက်ထဲ အမျိုးအိမ် အလည်သွားချိန် နေ့လယ် ၁၂ နာရီ နဲ့ ၂ နာရီကြားမှာ ဖြစ်သွားတာ” ဟု ၎င်းက ဆက်ပြောသည်။

ဖောက်ထွင်းသူသည် အိမ်ရှေ့တံခါးသော့ခလောက် ဖျက်ဝင်ပြီး တစ်အိမ်လုံး မွှေနှောက်ခဲ့ကြောင်း၊ နောက်ဖေးတံခါးမှ ထွက်သွားသည်ဟု ယူဆရကြောင်း အမတ်လောင်းက Myanmar Now ကို ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles