သတင်း

မြောင်းမြတွင် နေအိမ် ဖောက်ထွင်းခံရပြီး ရွှေ ၂ ပိဿာနီးပါး ပျောက်ဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အမှတ်၈ ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အိမ်ရှင်များ ခရီးသွားနေစဉ် နေအိမ်တွင် ထားခဲ့သည့် အလေးချိန် ၂ ပိဿာနီးပါးရှိ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများ ပြီးခဲ့သည့်ရက်ပိုင်းက ဖောက်ထွင်းခိုးယူခံခဲ့ရသည်။

မြောင်းမြရဲတပ်ဖွဲ့ ၏အဆိုအရ ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးသန်းအေးသည် ဆေးကုသရန်အတွက် နိုဝင်ဘာ ၉ ရက်ကတည်းက မိသားစုနှင့်အတူ ရန်ကုန်သို့ ထွက်လာခဲ့ ကြောင်း၊ ယမန်နေ့က နေအိမ်ကို ပြန်ရောက်ချိန်ရောက်မှ ဖောက်ထွင်းခံရသည်ကို သိရှိပြီး ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ဖောက်ထွင်းသူများသည် နေအိမ်တံခါးများကို ချိုးဖျက်ပြီး သော့ ၃ ဆင့် ခတ်ထားသည့် မီးခံသေတ္တာထဲမှ ရွှေချိန် ၁ ပိဿာ ၉၀ ကျပ်သားကျော်ကျော်ရှိ လက်ဝတ်ရတနာများနှင့် ငွေကျပ် ၂၄ သိန်းတို့ကို ယူဆောင်သွားကြောင်း ကာလတန်ဖိုးအားဖြင့် ငွေကျပ် သိန်းပေါင်း ၁၉၀၀ ကျော် တန်ကြေးရှိကြောင်း ကနဦးစစ်ချက်များကို အခြေခံပြီး မြောင်းမြရဲစခန်းက တာဝန်ကျအရာရှိက ဆိုသည်။

အဆိုပါဖောက်ထွင်းမှုကို မြောင်းမြရဲစခန်းက (ပ) ၁၈၄၆/ ၁၈ ဖြင့် အမှုဖွင့်ကာ ရာဇသတ်ကြီးပုဒ်မ ၄၅၇ ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button