အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကနီတွင် သုံးပွင့်ဗိုလ်အပါ အများအပြားကျပြီးနောက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲ 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတွင် ယမန်နေ့ (မေ ၃၁) က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကြားဖြတ်တိုက်ခိုက်စဉ် သုံးပွင့်ဗိုလ် (ဗိုလ်ကြီး) တစ်ဦးအပါအဝင် အများအပြားကျပြီးနောက် စစ်တပ်က ဒရုန်းတွင် ဗုံးသီးများတပ်ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော စစ်ရေယာဉ်အုပ်စုကို လုံခြုံရေးပေးရန် မြစ်အနောက်ဘက်ကမ်းအတိုင်း ခြေလျင်ချီတက်လာသော အင်အား ၈၀ ကျော်ပါ ရှေ့ပြေးစစ်ကြောင်းကို ဒေသခံ PDF က ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည်။

ကနီမြို့အရှေ့ဘက် သုံးမိုင်ခန့်အကွာ ညောင်ပင်ဝန်းနှင့် တန့်ဆည်ချောင်ရွာအနီးတွင် နံနက် ၈ နာရီမှစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးများသဖြင့် မွန်းတည့်ချိန်တွင် ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ကြောင်း PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လယ်ကွင်းကြီးလေ။ ကြားထဲမှာ ကျွန်တော်တို့က အပိုင်စောင့်နေတာ။ သူတို့ လယ်ကွင်းတစ်ဝက်လောက် ရောက်မှ အပိုင်ပစ်တာဆိုတော့ သူတို့ဘက်က တော်တော်လေးပြုတ်တယ်ဗျ” ဟု ကနီဒေသအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော ကျောက်လုံးကြီးတပ်မဟာ (KLG) မှ ကိုအေတီဆိုသူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now က ရရှိထားသော ရုပ်သံဖိုင်တွင် ကွင်းပြင်ထဲတွင် အသည်းအသန်ပြေးလွှားနေသော စစ်သားများနှင့် ဒေသခံတိုက်ခိုက်ရေးအဖွဲ့ဝင်များ အော်ဟစ်ပြောဆိုနေသံများ ကြားရသည်။ 

ထိုသို့ကြားဖြတ်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် ၃၀ ခန့် သေဆုံးသည်ဟုဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။ 

စစ်တပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သည့်ပြင် ဗုံးသီးတပ်ဒရုန်းများဖြင့်လည်း တိုက်ခိုက်သည်ဟု သိရသည်။

“လေယာဉ်နဲ့ လာမပစ်ခင်မှာ ဒရုန်းနဲ့လာတယ်။ ဒရုန်းကို ၆၀ မမ ဗုံးသီးတပ်ပြီးတော့ လာချတယ်။ ..အရင်တုန်းက မရှိဘူး။ ခုမှ ဒီစစ်ကြောင်းမှာ ပါလာတာ။ ဒီစစ်ကြောင်းမှာ သူတို့က ဒရုန်းနဲ့ တည်နေရာ လှည့်ရှာ။ ရှာပြီးတော့ ဗုံးချတော့တာပေါ့။ ၆၀ မမ ဗုံးသီးတွေပေါ့” ဟု ကိုအေတီက ဆက်ပြောသည်။

ထိုသို့ အတိုက်ခံရသဖြင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ ၁၁ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လေယာဉ်နဲ့ ပစ်တာရှိတယ်။ ဒရုန်းနဲ့ ဗုံးတွေချတာ။ ဒရုန်းနဲ့ ဗုံးချတာကြောင့် ထိခိုက်တာများတာ” ဟု ကနီဒေသ PDF အဖွဲ့ဝင်နောက်တစ်ဦးက ပြောသည်။

လက်နက်အင်အား မမျှသဖြင့် PDF များ ပြန်လည်ဆုတ်ခွာစဉ် စစ်တပ်က ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။ လူသားဒိုင်းသဖွယ် ဖမ်းဆီးထားသဖြင့် မိုင်းခွဲတိုက်ခိုက်ရန် အကြံအစည်ကို လက်လွှတ်ခဲ့ရသည်ဟု ကိုအေတီက ဆိုသည်။ 

စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် တန့်ဆည်ချောင်ကျေးရွာဘုန်းကြီးကျောင်းရှိ ဆွမ်းစားကျောင်းဆောင် ထိခိုက်ပျက်စီးသည်ဟု သိရသည်။

ချင်းတွင်းမြစ်ရိုးတစ်လျှောက် ကျေးရွာများတွင် စစ်တပ်၏ ထိုးစစ်ကြောင့် နေအိမ်ရာနှင့်ချီ ပျက်စီးဆုံးရှုံးကာ ဒေသခံများလည်း နီးစပ်ရာ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည်။​

စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်ခုခံမှုအားကောင်းရာ မြို့နယ်များဖြစ်သော ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီးနှင့် ပုလဲတွင် အင်တာနက်သာမက ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles