အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦး CDM ဝင်လာ

ဒုတိယဗိုလ်မှူးကြီးတစ်ဦး အာဏာသိမ်းစစ်ကောင်စီတပ်ကို စွန့်ခွာပြီး ယနေ့ (ဖေဖော်ဝါရီ ၂၄) တွင် ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလာသည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော စစ်တပ်အရာရှိများထံမှ သိရသည်။

ဒုတိယဗိုလ်မှူးကြီးအဆင့်သည် တပ်ရင်းမှူးအဆင့်ဖြစ်ပြီး ၎င်းသည် မည်သည့်တပ်မှ မည်သူမည်ဝါဖြစ်သည်ကို လုံခြုံရေးအရ မပြောနိုင်သေးသော်လည်း မကြာခင် ထုတ်ပြန်သွားမည်ဟု စစ်တပ် CDM အရာရှိတစ်ဦးက ယနေ့ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။

“လက်ရှိထွက်လာသမျှထဲမှာ ရာထူးအမြင့်ဆုံးပဲ။ ပြောမယ်ဆိုရင်တော့ အရေးပါတဲ့ ရာထူးတစ်ခုဖြစ်သလို ဒီလိုအဆင့်တွေ ထွက်လာတာဟာ တစ်ဖက်(စစ်ကောင်စီ)မှာ သက်ရောက်မှုလည်း ကြီးပါတယ်” ဟု အဆိုပါ CDM အရာရှိက မှတ်ချက်ပြုသည်။

နိုင်ငံတစ်ဝန်းတွင် အာဏာသိမ်းစစ်ကောင်စီကို ပြည်သူလူထု၏ ခုခံတော်လှန်မှုများ ပိုမိုအားကောင်းလာပြီး ချင်း၊ ကယား၊ ကချင်၊ ကရင်ပြည်နယ်တို့နှင့် စစ်ကိုင်းတိုင်းတွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမျိုးမျိုးသော လက်နက်ကိုင် ခုခံတော်လှန်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေကျေပျက်စီးမှုများစွာ ရှိခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၃၅၄ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၈၉၆ဦး ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၆ တွင် ထုတ်ပြန်ထားသည်။

ယမန်နှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်မှ စွန့်ခွာလာသည့် စစ်သားအရေအတွက်မှာ ၂၀၀၀ ကျော် ရှိခဲ့သည်ဟု CDM စစ်သားများကို ချိတ်ဆက်ကူညီပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့မှ ဗိုလ်ကြီးလင်းထက်အောင်က ဇန်နဝါရီလကုန်ပိုင်းတွင် Myanmar Now ကို ပြောထားသည်။

“၂၀၂၂ မှာ CDM ဆိုတာထက် မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းဆောင်နိုင်မှု အခြေအနေတွေကြောင့် လက်နက်နဲ့ကို ခိုလှုံလာမဲ့သူတွေ များလာလိမ့်မယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

“အတိအကျပြောဖို့ခက်ပေမဲ့ မြေမြေပြင်အခြေအနေတွေအရ ပိုပြီးတော့ကို ခိုလှုံလာကြပါလိမ့်မယ်” 

ဘက်ပြောင်းခိုလှုံသွားသည့် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်အရေအတွက်မှာ နည်းပါးလွန်းသည်ဟု စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဦးမောင်မောင်အုန်းက ဖေဖော်ဝါရီ ၂၄ စစ်ကောင်စီထုတ်သတင်းစာတွင် တုံ့ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button