အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းစစ်မြေပြင်တွင် စစ်ကောင်စီဘက်မှ ၁၀၀၀ ကျော်သေဟု CJDF ပြော

ချင်းပြည်နယ်တွင် ယမန်နှစ် ဧပြီမှ စတင်သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၀၂၉ ဦး သေဆုံးပြီး ဒေသတွင်းခုခံသူများဘက်မှ ၅၈ ဦး သေဆုံးခဲ့ကြောင်း Chinland Joint Defense Committee (CJDF) က ယမန်နေ့(ဇန်နဝါရီ ၂၆) တွင် ထုတ်ပြန်သည်။

ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းလာသည့်အတွက် မြို့နယ်အသီးသီး၌ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ဖွဲ့စည်းခဲ့ကြပြီး ခုခံစစ် ဆင်ခဲ့ကြသည်။

ယမန်နှစ် ဧပြီ ၂၄ မှ ဒီဇင်ဘာ ၃၁ အတွင်း တိုက်ပွဲပေါင်း ၁၈၀ ကျော်ဖြစ်ခဲ့ပြီးကြောင်း၊ ခုခံသူများက  စိတ်ဓာတ်တက်ကြွနေသလို ပြည်သူ့ထောက်ခံမှုလည်း ရရှိထားကြောင်း CJDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သူတို့မှာ(စစ်ကောင်စီတပ်)လက်နက်ပဲရှိတာ စိတ်ဓာတ်က မရှိဘူး၊ အဲဒီစိတ်ဓာတ်မှာက ကျွန်တော်တို့က သာတယ်” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ပြင် ချင်းဒေသမှာ ဒေသခံကာကွယ်ရေးတပ်များ၏ မွေးရပ်မြေဖြစ်သည့်အတွက် ငယ်စဉ်ကတည်းက အမဲလိုက်ခြင်း၊ တောင်ယာခုတ်ခြင်းများကြောင့် နယ်မြေကျွမ်းကျင်မှုအားသာချက် ရှိနေသည်။

ဧပြီ ၂၄ ၌ ချင်းပြည်နယ် မင်းတပ်မြို့တွင် ချင်းဒေသ၏ ပထမဆုံးတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ချင်းဒေသအတွင်း မင်းတပ်မြို့က အခြားမြို့များထက် တိုက်ပွဲအကြိမ်ရေပိုများပြီး တိုက်ပွဲပေါင်း ၆၀ တိုက်ခိုက်ခဲ့သည်။

ပြည်နယ်မြို့တော် ဟားခါးက တိုက်ပွဲ ၂၅ ကြိမ်အထိ ရှိခဲ့ပြီး ဟားခါးပြီးလျှင် ဖလမ်း၊ ထန်တလန်နှင့် ကန်ပက်လက်မြို့များက အစဉ်လိုက် တိုက်ပွဲများ အများဆုံးတိုက်ခိုက်ခဲ့ကြသည်။

အဆိုပါတိုက်ပွဲပေါင်း ၁၈၀ ကျော်ထဲတွင် တိုက်ပွဲငယ်များကို ထည့်သွင်းထားခြင်းမရှိဟု သိရသည်။

တိုက်ပွဲများစာရင်းတွင် ချင်းပြည်မြို့နယ်များအပြင် နယ်မြေထိစပ်နေသည့် စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှ တမူး၊ ဂန့်ဂေါ၊ ကလေးနှင့် ယောဒေသတို့လည်း ပါဝင်ပြီး အဆိုပါမြို့နယ်များတွင် လှုပ်ရှားနေသည့် CDF – Kalay – Kabaw – Gangaw အဖွဲ့၏ တိုက်ပွဲများကိုပါ ထည့်သွင်းတွက်ချက်ထားသည်။

တိုက်ပွဲများကြောင့် အရပ်သား ၂၇ ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည့်စာရင်းတွင် ဖော်ပြထားသည်။

မိုင်းမတော်တဆမှုကြောင့် အသက်ပေးခဲ့ရသည့် အသက် ၃၇ နှစ်အရွယ် ချင်းအမျိုးသားတပ်မတော် (CNA) မှ တပ်ကြပ် ဆလိုင်းဗန်ဆွီးလျန်၏ စျာပနကို ဇန်နဝါရီ ၁၂ နေ့လယ်က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ – CIC) 

ဇန်နဝါရီလအစောပိုင်းက ချင်းပြည်နယ်တောင်ပိုင်း မတူပီနှင့် ဟားခါးလမ်းပိုင်းရှိ ကျေးရွာများအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

ချင်းဒေသတွင် စစ်သားနှင့် ရဲများလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာရာ အရေအတွက် ၂၀၀ ဝန်းကျင် ရှိမည်ဟု CJDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ခန့်မှန်းသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဒေသအသီးသီးမှ တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၄ သိန်းဝန်းကျင် ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီ ၂၆ တွင် သတင်းထုတ်ပြန်ထားသည်။

မေလနောက်ပိုင်း ချင်းဒေသတွင် တိုက်ပွဲများ အနည်းငယ် လျော့ကျသွားသော်လည်း စက်တင်ဘာလမှစ၍ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး ယခုရက်ပိုင်းအတွင်း ဖလမ်းနှင့် မတူပီမြို့နယ်များတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။   

လက်ရှိတွင် ချင်းဒေသ မြောက်ပိုင်းနှင့် တောင်ပိုင်းကိုပါ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်ခြင်းကို ခံနေရသောကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် လဆန်းအတွင်း ၁၀ ဦးခန့် သေဆုံးခဲ့သည်။

ဇန်နဝါရီ ၁၂ တွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ၃၇ နှစ်အရွယ် တပ်ကြပ် ဆလိုင်းဗန်ဆွီးလျန် (Salai Van Sui Lian)၊ ဇန်နဝါရီ ၁၄ တွင် CDF – မတူပီမှ Salai Pa Awn, ဇန်နဝါရီ ၂၁ တွင် CDF – တွန်းဇံမှ မိုင်းဆရာ လွန်းမင့်ထန် (Thang Neu) နှင့် မိုင်းဆရာ ရာကိုဇာ(Ya Ko Zar)၊ ဇန်နဝါရီ ၂၂ တွင် CNA မှ ဆလိုင်းကျုံးလျန်ဆန် (Salai Cung Lian Sang)၊ PDF Zoland မှ ၂၁ နှစ်အရွယ် ဆလိုင်းမုန်နိုး (Salai Mung No) တို့သည် မိုင်းမတော်တဆမှုကြောင့် သေဆုံးခဲ့သည်။

ဇန်နဝါရီ ၄ တွင် CDF – KKG မှ ၂၁ နှစ်အရွယ် ဆလိုင်းထောင်လျန်အုပ်၊ ဇန်နဝါရီ ၂၃ တွင် CDF – မတူပီမှ တပ်ရင်းမှူး ဆလိုင်းဆန်ထာ (Captain Salai San Thar)၊ CDF – ကန်ပက်လက်မှ ၁၆ နှစ်သား ဆလိုင်းစည်သူအောင်၊ CNDF မှ ၃၁ နှစ်အရွယ် ဆလိုင်းဆပ်ဒိင့်ထွားမာ (Salai Sap Din Thuama) တို့ သေဆုံးသည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button