အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် တစ်ရက်အတွင်း ၄ နေရာတွင် ပေါက်ကွဲမှုဖြစ်

လုံခြုံရေးတင်းကျပ်ထားသော မန္တလေးမြို့တွင် ဒေသကာကွယ်ရေးတပ်များက စစ်ကောင်စီနှင့် ဆက်နွှယ်သော နေရာများကို ဖောက်ခွဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေပြီး ယမန်နေ့ ဇန်နဝါရီ ၂၀ တွင် ပေါက်ကွဲမှုများ အနည်းဆုံး ၄ နေရာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နေ့လယ်ပိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီး ကင်းစောင့်ကာ ဂိမ်းဆော့နေသော စစ်ကောင်စီ တပ်သားများကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ၃ ဦးခန့် သေဆုံးနိုင်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သော Ranger of Mandalay (ROM) အဖွဲ့က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ထိုမြို့နယ်နေ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ကျယ်လောင်သောပေါက်ကွဲသံ ကြားလိုက်ရပြီး မိနစ်အနည်းငယ်ခန့်အကြာတွင် တံခွန်တိုင်အဝိုင်းအနီးမှ လူနာတင်ကားများ ထွက်ခွာသွားသည်ကို တွေ့ရကြောင်း Myanmar Now ကို ပြောသည်။

“သေတာဖြစ်နိုင်တယ်ဗျ။ အဲဒီဘက်ကနေ ထွက်လာတာ လူနာတင်ကားတွေ ဆူညံလို့။ ကြားတာက စစ်သားတွေက ပြန်တောင်မပစ်နိုင်ဘူး။ တစ်ခါတည်းမှောက်သွားတယ်ပေါ့”ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ည ၇ နာရီခန့်၌ ချမ်းမြသာစည်မြို့နယ် မြို့သစ် ၃ ရပ်ကွက်၊ လမ်း ၆၀ နှင့် ၁၀၇ လမ်းအနီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်မော်တော်ယာဉ်ဌာန ဆီဂိုဒေါင်အနီး ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ချိန်တည်းတွင် ချမ်းမြသာစည်မြို့သစ် ၁ ရပ်ကွက် ၆၈ လမ်းနှင့် ၁၀၅ လမ်းအနီး ထပ်မံပေါက်ကွဲခဲ့သည်။

“ကျွန်တော်ကြားတာတော့ ပေါက်ကွဲသံက ၃ ချက်။ သေနတ်ပစ်သံတွေလည်း တရစပ်ကြားရတယ်” ဟု ၆၈ လမ်းအနီး နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းနောက် မဟာအောင်မြေမြို့နယ် အရှေ့ပတ္တာရပ်ရှိ စစ်ကောင်စီသတင်းပေး ဒလန် ညွန့်ဝင်းဆိုသူ၏ နေအိမ်၌ စစ်ကောင်စီတပ်သားအချို့ စုဝေးနေချိန် ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း၊ အထိအခိုက်များကို စုံစမ်းဆဲဖြစ်ကြောင်း ပြောက်ကျားအဖွဲ့ Poisonous Young People (PYP MDY) က ယမန်နေ့က ထုတ်ပြန်ခဲ့သေးသည်။ ထိုစုဝေးမှုတွင် ဒလန်၊ အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးတို့လည်း ပါဝင်သည်ဟု ဆိုသည်။

Myanmar Now က မှတ်သားထားသော စာရင်းအရ မန္တလေးတွင် ယခုလအတွင်း၌ နေရာ ၃၀ နီးပါး ဗုံးခွဲတိုက်ခိုက်ခံထားရသည်။

ဖြစ်စဉ်အသေးစိတ်၊ ထိခိုက်သေဆုံးမှုတို့ကို စစ်ကောင်စီထံ မေးမြန်းခွင့် မရသေးပေ။

စစ်ကောင်စီကမူ ပေါက်ကွဲမှုဖြစ်ပွားရာ အနီးရပ်ကွက်များကို ညဘက်တွင် ဧည့်စာရင်းစစ်ခြင်း၊ နေ့ဘက်တွင် လမ်းသွားလမ်းလာများကို ရပ်တန့်စစ်ဆေးရှာဖွေခြင်း၊ ငွေတောင်းခြင်း၊ မသင်္ကာလျှင် ဖမ်းဆီးခြင်းတို့ကို နေ့စဉ် ပြုလုပ်နေသည်။

ဤအခြေအနေတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးပြောက်ကျားဆန္ဒပြမှုများ၊ ဖောက်ခွဲတိုက်ခိုက်မှုများက မန္တလေးတွင် နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။ 

ပြီးခဲ့သည့်နှစ် နှစ်လယ်ပိုင်း မန္တလေးမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးကြီးအောင်မျိုးကျော် PDF လက်ချက်ဖြင့် သေဆုံးသွားပြီးနောက်ပိုင်း စစ်ကောင်စီက ပြင်းပြင်းထန်ထန် တုံ့ပြန်နေသလို အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကလည်း ဆက်လက်လှုပ်ရှားနေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button