အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒလန်ဆိုသူ ၃ ဦး အသတ်ခံရသည့် မတ္တရာတွင် စစ်တပ်က ၃ ရက်ဆက် မီးရှို့

စစ်ကောင်စီဘက်တော်သားဟု ယူဆရသူ ၃ ဦး အသတ်ခံရသည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကောက်ရိုးပုံကျေးရွာတွင် စစ်တပ်က နေအိမ် ၁၃ လုံးကို ၃ ရက်ဆက် မီးရှို့ကာ ယနေ့ (ဇန်နဝါရီ ၁၄) တွင် ရွာမှ ထွက်ခွာသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဇန်နဝါရီ ၈ တွင် စစ်ကောင်စီသတင်းပေးဟု သတင်းကြီးသူ ဦးတိုးဆောင်၏နေအိမ် မီးလောင်မှုနှင့် ဆက်စပ်ပြီး ဇန်နဝါရီ ၁၂ တွင် စစ်သား ၂၀ ခန့် ထိုရွာသို့ ရောက်ရှိလာခဲ့သည်ဟု ကောက်ရိုးပုံရွာသားတစ်ဦးက ပြောသည်။

“သူက စစ်တပ်ကို သတင်းပေးနေတဲ့လူ၊ ပြီးတော့ PDF လဲ မကြောက်ဘူးကွဆိုပြီး အမြဲပြောတဲ့လူ။ အဲဒီလူရဲ့အိမ်၊ အိမ်ကတော့ လူမရှိဘူး။ အဲဒါကို လူတချို့က မီးရှို့ပစ်လိုက်တာ၊ အဲဒီက စတာ”ဟု ထွက်ပြေးတိမ်းရှောင်နေရပြီး လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ထိုရွာသားက ဆက်ပြောသည်။

စစ်သားများက သေနတ်ပစ်ဖောက်သည့်အတွက် ရွာသားများ ကြောက်ရွံ့ထွက်ပြေးကြကြောင်း၊ ညဉ့်နက်ပိုင်းတွင် နေအိမ် ၄ လုံးကို စစ်သားတို့က မီးရှို့ခဲ့ကြောင်း သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နောက်တစ်နေ့ နံနက် ၆ နာရီခန့်တွင် စစ်သားများပြန်သွားသည့်အတွက် ရွာသားများ ရွာအတွင်း ပြန်လာကြကြောင်း၊ နေ့လယ်တွင် ကျေးရွာရှိ စစ်တပ်ထောက်ခံသူဟု နာမည်ကျော်သည့် အသက် ၆၀ ကျော်အရွယ် ဦးရာဝင်း၊ သားဖြစ်သူ အသက် ၄၀ ဝန်းကျင် ဦးဇော်ဝင်းနှင့် အသက် ၆၀ ကျော်အရွယ် ဦးသန်းဆောင်တို့ အသတ်ခံရကြောင်း သူက ဆက်ပြောသည်။

“ဘယ်သူက သတ်မှန်းမသိဘူး။ ဒီလူသုံးယောက်က ဒလန်တွေ” ဟု အထက်ပါရွာသားက ပြောသည်။

“စစ်သားတွေခေါ်တယ်၊ လာရင် ဧည့်ခံကျွေးမွေးတယ်၊ ရွာထဲက ဘယ်သူက ဘယ်လိုပြောတယ်၊ ဒါမျိုး လုပ်နေတဲ့သူတွေ”  

ယင်းနေ့ ညနေတွင် စစ်သားများ ကျေးရွာအတွင်း ပြန်လည်ရောက်ရှိလာခဲ့သည့်အတွက် ရွာသားများ ထပ်မံထွက်ပြေးကြရကြောင်း၊ စစ်သားများက ထိုညတွင် နေအိမ် နောက် ၂ လုံးကို မီးရှို့ကာ ရွာတွင် တပ်စွဲထားကြောင်း သူက ဆက်ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် နေအိမ် ၇ လုံးကို မီးရှို့ပြီးနောက် ညနေ ၅ နာရီခန့်တွင် ပြန်ထွက်ခွာသွားကြသည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူတို့၏ နေအိမ်များ ဖျက်ဆီးခံရခြင်း ဖြစ်သည်ဟု ကောက်ရိုးပုံရွာသား နောက်တစ်ဦးက ပြောသည်။ 

“ကျွန်‌တော်တို့ အခု မီးငြှိမ်းနေတာ၊ မီးရှို့ပြီး ဟိုကောင်တွေပြန်သွားတဲ့အချိန် ပြန်လာပြီးတော့ ငြှိမ်းနေတာ” ဟု ထိုရွာသားက ယနေ့ ညနေပိုင်းက ဆိုသည်။ 

“အခု မီးလောင်တဲ့အိမ်တွေက NLD ထောက်ခံသူတွေရဲ့ အိမ်တွေများတယ်၊ ထောက်ခံတယ်ဆိုပြီး နာမည်ထွက်တဲ့သူတွေပေါ့”

၃ ဦး အသတ်ခံရမှု၊ မီးလောင်မှုတို့နှင့် ပတ်သက်ပြီး မတ္တရာမြို့မရဲစခန်းထံမှ တုံ့ပြန်ချက်တောင်းခံ၍ မရသေးသလို မီးသတ်တပ်ဖွဲ့ကလည်း မီးသတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ပြန်လည်ထွက်ခွာသွားသည့် စစ်သားများ နှစ်ရွာခန့်ဝေးသည့် နေရာတွင် အင်အားထပ်တိုးကာ ကောက်ရိုးပုံရွာဘက်သို့ ပြန်လာနေသည်ဟု ညနေ ၆ နာရီတွင် သတင်းရသောကြောင့် ဒေသခံများမှာ ရွာတွင် ဆက်မနေရဲတော့ဘဲ ထွက်ပြေးနေကြရကြောင်း ၎င်းက ဆက်ပြောသည်။

မတ္တရာမြို့နယ်သည် ပြည်သူကို အကြမ်းဖက်သည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံသည့် PDF တချို့ လှုပ်ရှားသည့် ဒေသတစ်ခုဖြစ်သည်။

စစ်ကောင်စီကလည်း PDF ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။ 

နိုင်ငံအနှံ့ လူနေအိမ်များကို မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ၎င်းတို့တပ်သားများ၏ လက်ချက်မဟုတ်ဟု ငြင်းဆိုလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button