အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်ကြီးတစ်ဦး ချင်း၊ စစ်ကိုင်းဒေသ အခြေစိုက် CDF-KKG နှင့် ပူးပေါင်း 

စစ်ကောင်စီလက်အောက်တွင် ဆက်မနေလိုတော့သည့် ချင်းပြည်နယ်၊ မတူပီမြို့မှ ဗိုလ်ကြီးကောင်းသူဝင်း လက်နက်အပြည့်အစုံနှင့် လာရောက်ပူးပေါင်းခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ – CDF – KKG) က ယနေ့ (ဇန်နဝါရီ ၁၀) တွင် သတင်းထုတ်ပြန်သည်။ 

ဒီဇင်ဘာ ၂၃ တွင် အလင်းဝင်ခဲ့သူ ကိုယ်ပိုင်အမှတ် ကြည်း – ၅၅၇၂၅ ဗိုလ်ကြီးကောင်းသူဝင်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ဆင်းသူဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ စစ်ဗျူဟာအခြေချအဖွဲ့မှ စစ်ရေးအရာရှိ၊ တတိယတန်း၊ စစ်ထောက်တာဝန်ရှိပြီး မုံရွာမြို့တွင် ကြားစခန်းမှူးတာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။ 

ဗိုလ်ကြီးကောင်းသူဝင်းနှင့် မိသားစုကို လုံခြုံစိတ်ချရသည့် နေရာသို့ ပို့ဆောင်ပြီးဖြစ်သလို လက်နက်ပါလာခြင်းကြောင့် ထိုက်သင့်သည့် ဆုကြေးငွေလည်း ပေးအပ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် လှုပ်ရှားနေသည့် CDF (KKG) က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (Chinland Defense Force) ထံ လက်ရှိအချိန်ထိ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါးရှိပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ၁၀ လတာ ကာလအတွင်း စစ်တပ်ကို စွန့်ခွာလာသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၈၀၀၀ ကျော်ရှိပြီး ဗိုလ်မှူးအဆင့်ရှိသူ ၁၀ ဦးဝန်းကျင်၊ ဗိုလ်နှင့် ဗိုလ်ကြီးအဆင့်ရှိသူ ရာဂဏန်းခန့် ပါဝင်ကြောင်း CDM လုပ်လိုသူ စစ်သည်များကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်နိုင်ရေး ကူညီပေးနေသူ ဗိုလ်ကြီးလင်းထက်အောင်က နိုဝင်ဘာလကုန်ပိုင်းက ပြောကြားထားသည်။ 

အာဏာသိမ်းစစ်တပ်ကို လက်နက်စွဲကိုင်ပြီး အပြင်းအထန်ခုခံနေသည့် ချင်းပြည်နယ်၊ ကရင်နီ(ကယားပြည်နယ်) တို့မှ ဒေသခံကာကွယ်ရေးအဖွဲ့များက လက်နက်နှင့်တကွ လာရောက်ပူးပေါင်းပါက ဆုကြေးအဖြစ် သိန်းဆယ်နှင့်ချီ ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကမ်းလှမ်းထားသည်။ 

တပ်ကို စွန့်ခွာသည့် စစ်သည်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင် ခုခံနေကြရာမှ နိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများဖြစ်ပွားနေချိန်တွင် စစ်တပ်ကို စွန့်ခွာနေကြခြင်း ဖြစ်သည်။

စစ်ကောင်စီက ခုခံသူတို့ကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားသည်။

ခုခံတိုက်ခိုက်သူ များပြားလွန်းသည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက အရပ်သားတချို့ကို လက်နက်တပ်ဆင်ပေးထားသည်၊ ထိုလက်နက်ကိုင်အဖွဲ့များကို ပျူစောထီးအဖွဲ့ဟု ဒေသခံတို့က ခေါ်ဆိုကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button