အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။

ရွေးကောက်ပွဲ

  • လှုပ်ရှားတက်ကြွနေသော မွန် နဲ့ ကယားပြည်နယ်

    ၂၀၂၀ ရွေးကောက်ပွဲရဲ့ ထူးခြားတဲ့ အသွင်လက္ခဏာတစ်ရပ်လည်းဖြစ်၊ ပထမဆုံးအရပ်သားအစိုးရပေါ်ပေါက်ပြီး ဆင့်ပွားဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီအင်အားစုအတွင်း တက်ရောဂါလက္ခဏာတစ်ခုလည်းဖြစ်တဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ ပေါင်းစည်းရပ်တည်ပြီး အာဏာရပါတီ NLD ကို ရင်ဆိုင်အပြိုင်ကြဲမယ့် ကိုယ်ထူကိုယ်ထ ဒေသတွင်းနိုင်ငံရေးအင်အား ထူထောင်လှုပ်ရှားမှုများဟာ ပြည်နယ်အတော်များများရဲ့ ရွေးကောက်ပွဲအခင်းအကျင်းတွေမှာ တွေ့ရှိလာရပါတယ်။

  • မဲမဆွယ်ရသည့်နေ့တွင် ဆိပ်ကြီးခနောင်တို၌ မဘသအင်အားစုများ သွေးထိုးလှုံ့ဆော် 

    မဘသအဖွဲ့သည် ခွင့်ပြုချက်မတင်ဘဲ ဥပဒေချိုးဖောက်ကာ မဲဆွယ်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးက ဆိုသော်လည်း မဘသအဖွဲ့က မဲဆွယ်ခဲ့ခြင်းမရှိဘဲ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရန်သာ လှုံ့ဆော်ခြင်းဖြစ်ကြောင်း ရဲစခန်းမှူးက ဆိုသည်

  • မိတ္ထီလာခရိုင်တွင် ကြိုတင်မဲပေးသူ တစ်သိန်းနီးပါးရှိ 

    တပ်မတော်တပ်ရင်းတပ်ဖွဲ့များ ဝန်းရံထားပြီး အမျိုးသားရေးလှုပ်ရှားမှုများ အားကောင်းသည့် မိတ္ထီလာခရိုင်တွင် မဲပေးပိုင်ခွင့်ရှိသူ ၇ သိန်းကျော်ရှိပြီး အာဏာရပါတီနှင့် ဗိုလ်ချုပ်ဟောင်းဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီကြား ပြိုင်ဆိုင်မှုပြင်းထန်မည့် မဲဆန္ဒနယ်များ ပါဝင်လျက်ရှိသည်  

  • အာဏာသိမ်းနိုင်ခြေ ရှိမရှိနှင့် ရွေးကောက်ပွဲလွန်ကာလအတွက် စိုးရိမ်မှုများဖြစ်ပေါ်နေ 

    ရွေးကောက်ပွဲလွန်ကာလတွင် မဲရလဒ်အခြေအနေပေါ် ကြည့်၍ တပ်မတော်၏ သဘောထားနှင့် မကိုက်ညီလျှင် ကြိုတင်အစီအမံများ ရှိပြီးဖြစ်သည်ဟူသည့်သဘောမျိုး တပ်ချုပ်က နှတ်ကြောင်းပေးလိုက်သည်ဟု နားလည်မိကြောင်း ဆိုကြသည် 

  • တော်လှန်ရေးအိပ်မက်ကို လွှတ်တော်တွင်း၌ ဆက်မက်လိုသူ

    ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှစတင်ကာ ယနေ့အချိန်ထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ထင်ရှားကျော်ကြားသူ နော်အုန်းလှသည် 'သစ်ခုတ်သမားတို့ပါတီ' ဟု ကြွေးကြော်ထားသည့် UNDP ပါတီ ကိုယ်စားပြုကာ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်